Thursday, April 7, 2016

Rudyard Kipling {ရုဒ်ယာ့ဒ်ကစ်ပလင်း} [1865- 1936]


** Rudyard Kipling {ရုဒ်ယာ့ဒ်ကစ်ပလင်း}**
[1865- 1936]

``အကယ်၍
မင်းအသိုင်းဝိုင်းက
တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့
ရင်ဆိုင်နိုင်မယ် ဆိုရင်....၊၊´´

ဒီစကားတစ်ခွန်းဟာ ၁၉၀၉ ခုနှစ်ကထုတ်ဝေခဲ့တဲ့ Rewards and Fairies စာအုပ်ထဲက If (အကယ်၍) ဆိုတဲ့ကဗျာမှာ ကစ်ပလင် ရေးခဲ့တာပါ၊၊ အဲဒီ စာကြောင်း ပါဝင်တဲ့ စာပိုဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်၊၊

``အကယ်၍
မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့
ရင်ဆိုင်နိုင်မယ်ဆိုရင်....၊၊

အကယ်၍
အားလုံးကမင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ
ခွင့်လွှတ်ရင်းနဲ့
မင်းကိုမင်း
ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်....၊၊

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
မုသားအဖြစ်
ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနှင့်
နာကြားနိုင်မယ်ဆိုရင်....၊၊

ဒါမှမဟုတ်
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်
ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့
တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်....၊၊

အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်နိုင်ပြီး
အဲ့ဒီအတွက်လည်း
မမောမပန်း နေနိုင်မယ်ဆိုရင်....၊၊
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား
မုသားစကားကြားရတဲ့အခါ
မင်းကလည်း
အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်....၊၊
ဒါမှမဟုတ်
မင်းကို လူတကာက
ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ
ပြန်မပွားဘူးဆိုရင်....၊၊
ပြီးတော့
မင်းကိုမင်း
လူတော်တစ်ယောက်ရယ်လို့
ပညာရှိစကားတွေလည်း
မပြောဘူးဆိုရင်....၊၊
...........................
...........................
...........................
အကယ်၍
တိုတောင်းလှတဲ့
မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်....၊
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို
မင်းစွမ်းနိုင်ပြီပေါ့....၊
အဲဒီတော့
မင်းဟာလည်း
ယောက်ျားကောင်း
တစ်ယောက်ပဲပေါ့....၊၊

ရောက်တတ်ရာရာ ဖတ်မိတာလေးပါ၊၊ ကစ်ပလင်ခေတ်မှာ ဒီကဗျာဟာ လူတစ်ယောက်ရဲ့ ဘဝအတွက် တန်ဖိုးထားအပ်တဲ့ စည်းကမ်းချက်တွေကို စိတ်လှုပ်ရှား အားကျဖွယ် ရေးသားထားတာပါ၊၊

သူ့ဘဝမှာ ကျဆုံးမှုတွေ၊ အောင်မြင်မှုတွေအမျိုးမျိုး ကြုံခဲ့ရတဲ့ ကစ်ပလင်ဟာ အချစ်မေတ္တာနဲ့ ဂရုစိုက်မှုတွေကို လိုချင်ခဲ့သူပါ၊
သူ့မွေးစားမိခင်ရဲ့ ရိုက်နှက်ညှင်းဆဲမှုနဲ့ကျောင်းမှာ အနိုင်ကျင့်ခံမှုတွေကလည်း သူ့ကိုအဲဒီလို မေတ္တာငတ်မွတ်မှုကို ဖြစ်စေခဲ့တာပါ၊၊

သူရေးခဲ့တဲ့ ဒီကဗျာက ဒီနေ့ခေတ်မှာတောင် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ဖို့နဲ့ ကျင့်ဝတ်ညီညွှတ်တဲ့ အပြုအမှုကို ပြုကျင့်နိုင်တဲ့ မိမိကိုယ်ကိုယ် တည်ဆောက်ရေးအတွက် စံတစ်ခုလို ဖြစ်ခဲ့တာပါ၊၊ဒီကဗျာဟာ ဘယ်ခေတ်မှာ မဆိုအစွမ်းထက်နေဆဲ ဖြစ်တာကြောင့် ဝင်မ်ဘဲလ်ဒန် တင်းနစ်ကွင်းအဝင်မှာ ကဗျာစာသားတချို့ ရေးထွင်းထားပါတယ်၊၊ ၁၉၁၅ ခုနှစ်မှာ ဗြိတိန်ရဲ့ စိတ်ကြိုက်ကဗျာအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပြီး ၁၉၀၇မှာ စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြင့်ခံရတာမို့ အင်္ဂလိပ်လူမျိုးထဲမှာ ပထမဦးဆုံး ချီးမြှင့်ခံရသူဖြစ်လာပါတယ်၊၊

သူ့ရုပ်အလောင်းကိုတော့ လန်ဒန်ရှိ ဝက်စ်မင်စတာကျောင်းထဲက ကဗျာဆရာများ မြှပ်နှံရာနေရာမှာ သဂြိုဟ်မြှပ်နှံခဲ့ပါတယ်၊၊

No comments:

Post a Comment