* ဘာဝနာအဓိပ္ပါယ် *(၁)
ဘာဝနာဟူသည် ပါဠိဝေါဟာရဖြစ်၏၊၊ ဘာဝနာကား သမထဘာဝနာနှင့် ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုးရှိသည်၊၊ ရှုမှတ်အားထုတ်သူအတွက် လွန်စွာကျေးဇူးများလှသဖြင့်
သမထကိုဖြစ်စေ၊ ဝိပဿနာကိုဖြစ်စေ မိမိသန္တာန်၌ အကြိမ်ကြိမ်အထပ်ထပ်
တိုးပွားဖြစ်လာအောင် အားထုတ်နေမှုကို ``ဘာဝိတာ၊ ဗဟုလီကထာ´´ဟူသော
ဒေသနာတရားတော်နှင့်အညီ ဘဝနာ ± ပွားများခြင်းဟုခေါ်၏၊၊
သမထအဓိပ္ပါယ်
လောဘစသော အပူဓာတ်( ကိလေသာ) များကို ငြိမ်းအေးစေတတ်သောကြောင့် တည်ငြိမ်မှု (သမာဓိ)ကို သမထဟုခေါ်ပေသည်၊၊
ပုထုဇဉ်ပုဂ္ဂိုလ်သည် သမာဓိထူထောင်မှုလုပ်ငန်း (သမထကျင့်စဉ်) ကို ကျင့်သောအခါ ရှုမှတ်နေသော အာရုံအပေါ်၌ စူးစိုက်တည်ငြိမ်သော သမာဓိတရားများ .ဖြစ်ပွားလေ့ရှိ၏၊၊ ထိုအခါ လောဘ ဒေါသ စသော အပူဓာတ်(ကိလေသာ)များ.ဖြစ်ပွားခွင့်မရဘဲ
စိတ်သည် ငြိမ်းအေးနေတတ်၏၊၊ ထိုသို့ ငြိမ်းအေးနေမှု သမာဓိကိုပင်
သမထဟုခေါ်ပေသည်၊၊ အပူဓာတ်( ကိလေသာ)တို့ကို ငြိမ်းအေးစေတတ်သောတရားဟု
အဓိပ္ပါယ်ရှိသည်၊၊
ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်ပြီး လောကီဈာန်များကို အားထုတ်ရာ၌ကား အပူဓာတ်(ကိလေသာ)များကို ငြိမ်းအေးစေဖွယ်မလို ပင်ကိုကပင် ငြိမ်းအေးပြီး ဖြစ်သည်၊၊
ခြုံ၍ဆိုရလျင် လောဘစသော အပူဓာတ်(ကိလေသာ)များ မငြိမ်မသက်သော စိတ်များ၊ ရုန့်ရင်းကြမ်းတမ်းသော ဈာန်အင်္ဂါများကို ငြိမ်းအေးစေတတ်သောကြောင့် သမထ မည်၏၊၊
ဝိပဿနာ၏ အဓိပ္ပါယ်
လောကတွင် ပုဂ္ဂိုလ် သတ္တဝါအရာဝတ္ထုဟူ၍မရှိ၊ ရုပ်နှင့် နာမ်သဘာဝသာရှိသည်၊၊ ယင်း ရုပ် နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ဖြင့် ထူးထူးခြားခြား ရှုမြင်တတ်သော ဉာဏ်ပညာကို ဝိပဿနာဟု ခေါ်သည်၊၊ ဝိပဿနာဉာဏ် အမြင်မရှိသော ပုဂ္ဂိုလ်တို့ကား ရုပ်နှင့်နာမ် ပေါင်းစပ်နေသော သတ္တဝါများကို လူအ နတ် ဗြဟ္မာ ယောက်ျား မိန်းမ စသည်ဖြင့်ဖြစ်စေ၊ ရုပ်ကလာပ် အပေါင်းအစုဖြစ်သော အရာဝတ္ထုတို့ကို အိမ် ကျောင်း တော တောင် သစ်ပင် စသည်ဖြင့် ထင်မြင်တတ်ကြသည်၊၊ ထိုအရာတို့ကို မြဲ၏(နိစ္စ) , ချမ်းသာ၏(သုခ) ,ကိုယ်ပိုင်ဖြစ်၏(အတ္တ) ,ကောင်း၏(သုဘ) ဟု ထင်မြင်တတ်ကြ၏၊၊
ထိုအမြင်ကား အန္ဓပုထုဇဉ်တို့ ထင်မြင်လေ့ရှိသော သာမန်အမြင်များ ဖြစ်၏၊၊ ဝိပဿနာဉာဏ်ကား ထိုအမြင်ထက် ထူးခြားထွင်းဖောက်ပြီး သတ္တဝါနှင့်အရာဝတ္ထုတို့သည် ရုပ်နာမ်သဘာဝသာဖြစ်၏၊၊ အမြဲမရှိ (အနိစ္စ), ဆင်းရဲ၏(ဒုက္ခ), အစိုးမရ (အနတ္တ), မတင့်တယ်(အသုဘ) ဟု နက်နက်နဲနဲ သိမြင်လာသော ဉာဏ်ပညာကိုပင် ဝိပဿနာဟုခေါ်ဆိုခြင်းဖြစ်သည် ၊၊
``ကမ္မဋ္ဌာန်း´´ဟူသော ဝေါဟာရသည်လည်း ပါဠိသက်ဝေါဟာရဖြစ်၏၊၊ ``ကမ္မဋ္ဌာန´´ဟူသော ပါဠိမှ ဆင်းသက်လာ၏၊၊ရှုမှတ်ဖွယ်အာရုံအမျိုးမျိုးဟု အဓိပ္ပါယ်ရှိသည်၊၊
ထိုတွင်သမ္မထကမ္မဋ္ဌာန်းကား အမျိုးအစားအားဖြင့် (၄၀)ရှိသည်၊၊ ကသိုဏ်း (၁၀)ပါး၊ အသုဘ(၁၀)ပါး၊ အနုဿတိ(၁၀)ပါး၊ ဗြဟ္မဝိဟာရ(၄)ပါး၊ အာရုပ္ပ(၄)ပါး၊ သညာ(၁)ပါး၊ ဝဝတ္ထာန်(၁)ပါး တို့ဖြစ်သည်၊၊
ဘာဝနာဟူသည် ပါဠိဝေါဟာရဖြစ်၏၊၊ ဘာဝနာကား သမထဘာဝနာနှင့် ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုးရှိသည်၊၊ ရှုမှတ်အားထုတ်သူအတွက် လွန်စွာကျေးဇူးများလှသဖြင့်
သမထအဓိပ္ပါယ်
လောဘစသော အပူဓာတ်( ကိလေသာ) များကို ငြိမ်းအေးစေတတ်သောကြောင့် တည်ငြိမ်မှု (သမာဓိ)ကို သမထဟုခေါ်ပေသည်၊၊
ပုထုဇဉ်ပုဂ္ဂိုလ်သည် သမာဓိထူထောင်မှုလုပ်ငန်း (သမထကျင့်စဉ်) ကို ကျင့်သောအခါ ရှုမှတ်နေသော အာရုံအပေါ်၌ စူးစိုက်တည်ငြိမ်သော သမာဓိတရားများ .ဖြစ်ပွားလေ့ရှိ၏၊၊ ထိုအခါ လောဘ ဒေါသ စသော အပူဓာတ်(ကိလေသာ)များ.ဖြစ်ပွ
ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်ပြီး လောကီဈာန်များကို အားထုတ်ရာ၌ကား အပူဓာတ်(ကိလေသာ)များကို ငြိမ်းအေးစေဖွယ်မလို ပင်ကိုကပင် ငြိမ်းအေးပြီး ဖြစ်သည်၊၊
ခြုံ၍ဆိုရလျင် လောဘစသော အပူဓာတ်(ကိလေသာ)များ မငြိမ်မသက်သော စိတ်များ၊ ရုန့်ရင်းကြမ်းတမ်းသော ဈာန်အင်္ဂါများကို ငြိမ်းအေးစေတတ်သောကြောင့် သမထ မည်၏၊၊
ဝိပဿနာ၏ အဓိပ္ပါယ်
လောကတွင် ပုဂ္ဂိုလ် သတ္တဝါအရာဝတ္ထုဟူ၍မရှိ၊ ရုပ်နှင့် နာမ်သဘာဝသာရှိသည်၊၊ ယင်း ရုပ် နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ဖြင့် ထူးထူးခြားခြား ရှုမြင်တတ်သော ဉာဏ်ပညာကို ဝိပဿနာဟု ခေါ်သည်၊၊ ဝိပဿနာဉာဏ် အမြင်မရှိသော ပုဂ္ဂိုလ်တို့ကား ရုပ်နှင့်နာမ် ပေါင်းစပ်နေသော သတ္တဝါများကို လူအ နတ် ဗြဟ္မာ ယောက်ျား မိန်းမ စသည်ဖြင့်ဖြစ်စေ၊ ရုပ်ကလာပ် အပေါင်းအစုဖြစ်သော အရာဝတ္ထုတို့ကို အိမ် ကျောင်း တော တောင် သစ်ပင် စသည်ဖြင့် ထင်မြင်တတ်ကြသည်၊၊ ထိုအရာတို့ကို မြဲ၏(နိစ္စ) , ချမ်းသာ၏(သုခ) ,ကိုယ်ပိုင်ဖြစ်၏(အတ္တ) ,ကောင်း၏(သုဘ) ဟု ထင်မြင်တတ်ကြ၏၊၊
ထိုအမြင်ကား အန္ဓပုထုဇဉ်တို့ ထင်မြင်လေ့ရှိသော သာမန်အမြင်များ ဖြစ်၏၊၊ ဝိပဿနာဉာဏ်ကား ထိုအမြင်ထက် ထူးခြားထွင်းဖောက်ပြီး သတ္တဝါနှင့်အရာဝတ္ထုတို့သည် ရုပ်နာမ်သဘာဝသာဖြစ်၏၊၊ အမြဲမရှိ (အနိစ္စ), ဆင်းရဲ၏(ဒုက္ခ), အစိုးမရ (အနတ္တ), မတင့်တယ်(အသုဘ) ဟု နက်နက်နဲနဲ သိမြင်လာသော ဉာဏ်ပညာကိုပင် ဝိပဿနာဟုခေါ်ဆိုခြင်းဖြစ်သည်
``ကမ္မဋ္ဌာန်း´´ဟူသော ဝေါဟာရသည်လည်း ပါဠိသက်ဝေါဟာရဖြစ်၏၊၊ ``ကမ္မဋ္ဌာန´´ဟူသော ပါဠိမှ ဆင်းသက်လာ၏၊၊ရှုမှတ်ဖွယ်အာရု
ထိုတွင်သမ္မထကမ္မဋ္ဌာန်းကား အမျိုးအစားအားဖြင့် (၄၀)ရှိသည်၊၊ ကသိုဏ်း (၁၀)ပါး၊ အသုဘ(၁၀)ပါး၊ အနုဿတိ(၁၀)ပါး၊ ဗြဟ္မဝိဟာရ(၄)ပါး၊ အာရုပ္ပ(၄)ပါး၊ သညာ(၁)ပါး၊ ဝဝတ္ထာန်(၁)ပါး တို့ဖြစ်သည်၊၊
No comments:
Post a Comment