ဘိုတော်ဘုရားမင်းကြီးမှာ မြေးတော်နှစ်ပါးရှိတယ်၊၊ စစ်ကိုင်းမင်းသားနဲ့ ဟံသာဝတီမင်းသားတို့ဖြစ်တယ်၊
``ပေါ်ဦးရယ်၊ ငါ့မှာ မြေးတော်နှစ်ပါးထဲက ဘယ်သူ့ကို အိမ်ရှေ့နှင်းရင်ကောင်းမလဲ၊
ဟူသည့်အမေးတော် ရှိလာတော့သည်၊၊ မင်းသားငယ်များက သူ့အစုနှင့်သူရှိကြ၏၊၊ သာယာဝတီမင်းသားဟု တင်လျောက်မိလျင် စစ်ကိုင်းမင်းသား၏ ကျေးကျွန်များက ငြိုငြင်မည်၊၊စစ်ကိုင်းမင်း
အရှင်နှင့် ကျွန် နှစ်ဦးတည်းဆိုပေမယ့် အနားမှာ ယပ်လေ ဆက်သွင်းသူ ရှိတယ်၊၊ လက်ဖက်ရည်တော်သား၊ ကွမ်းဆက်သူ ဆိုတာတွေရှိတယ်၊၊ ဒါတွေက တစ်ဆင့် ပေါက်ကြားသွားရင် မခက်ဘူးလား၊၊ ဒါကြောင့် ဦးပေါ်ဦးက လက်အုပ်ချီပြီး ဒါလိုတင်လျောက်လေရဲ့၊၊
``ရွှေဘုန်းတော်သခင် ရွှေနားတော်မှုပါဘုရား´´
``ရှေးလွန်လေပြီးသော အခါက ဟိမန္တာ တောကြီးအတွင်း ရွှေဂူကြီးတစ်လုံးမှာ တောသုံးတောင်ကို အစိုးရတဲ့ ကေသရာဇာ ခြင်္သေ့မင်းကြီးတစ်ပါး စံစားတော်မူပါ သတဲ့ ဘုရား၊ ခြင်္သေ့ကြီးရဲ့ ဝဲယာမှာ ဝက်ပျိုနဲ့သမင် ရှေ့တူရူမှာ ယုန်တစ်ကောင်ကို သက်စောင့်အရာ ခန့်ထားတဲ့အတွက် ခစားနေကြရပါသတဲ့ဘုရား၊၊
``ခြင်္သေ့မင်းကြီး အိပ်နေတုန်းမှာ ဘယ်မှမသွားရဲကြဘူး ဘုရား၊ ခြင်္သေ့မင်းကြီးကလည်း အိပ်လိုက်တာ ခုနှစ်ရက်တောင်မှ ကြာသတဲ့ဘုရား၊၊ ခြင်္သေ့ကြီး အိပ်ရာကနိုးလို့ ခြေလက်ဆန့်ရင်း သမ်းဝေလိုက်တာ အပုပ်နံ့တွေ ထောင်းထောင်း ထသွားတယ် ဘုရား၊ လက်ရာဘက်မှာ ခစားနေတဲ့ သမင်ပျိုကလေးဟာ နှာခေါင်းရှူံ့ပြီး တွန့်ခနဲ့ ဖြစ်သွားပါသတဲ့ ဘုရား´´
ဒါကိုခြင်္သေ့မင်းမြင်တဲ့အခါ.
``ဟဲ့....သမင်ငယ်၊ ကိုယ်တော်ရဲ့ အာခံတွင်းနံ့သည် မွှေးသလော၊ နံစော်သလော´´
မေးပါသတဲ့ဘုရား တောသုံးတောင်ရဲ့ ဘုရင့်ပါးစပ်ကို နံတယ်ပြောဖို့မသင့်တဲ့အတွက်
``သယ်....ခုနှစ်ရက်လုံး ပိတ်ထားတဲ့ ပါးစပ်က မည်သို့လျင် ကြာညိုနံ့သင်းမည်နည်း၊ ငါ့အား မုသားစကားတင်ရသလော´´
ဆိုပြီး ကေသရာဇာ ခြင်္သေ့ကြီးက သမင်လေးကို လည်ကုပ်ကဆွဲ ကြွပ်ကြွပ်ဝါးပြီး စားပစ်လိုက်ပါသတဲ့ဘုရား၊၊
အဲ့ဒီနောက် ခြင်္သေ့မင်းက ဘယ်ဘက်ကို လှည့်ပြီး သမ်းပြန်ပါရော ၊၊ ဝက်ကလေးကလည်း အနံ့ဆိုးလွန်းလို့ နောက်ကိုရို့ပြီး ခစားပါသတဲ့ဘုရား၊၊ ဒါကို သတိမထားမိတဲ့ ခြင်္သေ့မင်းက.....
``မောင်မင်း...ဝက်ငယ်၊ ငါ၏ ခံတွင်းမှ မည်ကဲ့သို့သော အနံ့ထွက်သနည်း၊ မှန်ရာတင်စေ´´
မိန့်တော်မူပါသတဲ့ ဘုရား၊ ဒီအခါမှာ ဝက်ပျိုက စဉ်းစားရလေပြီ၊၊ သမင်က လုပ်ကြံတင်လို့ ဒုက္ခရောက်သွားပြီ ခြင်္သေ့မင်းက မဟုတ်မမှန် ပြောတာ မကြိုက်ဘူး ဒါကြောင့် မှန်ရာတင်မှဘဲ စိတ်ကူးရပြီး.......
``အရှင်မင်းကြီးဟာ သတ္တဝါတွေရဲ့ အသားတွေကိုစားပြီး ခုနှစ်ရက်တောင် အိပ်ထားတာဘဲဘုရား၊ တစ်ညကလေး အိပ်နေရာက ထလာတာတောင် နံသေးတာပဲ၊ ဒါကြောင့် အရှင့်ခံတွင်းရဲ့ နံပုံကတော့ သည်းမခံနိုင်လောက်အောင်ပါဘဲ
လို့လဲတင်လိုက်ရော .......
``တယ်....ငါကဲ့သို့သော သားများဘုရင် ခြင်္သေ့မင်းကို နံသလေး၊ ပုပ်သလေးနဲ့၊ ရိုင်းပြစော်ကားလိုက်လေ´´
``ကေသရာဇာ ခြင်္သေ့မင်းကြီးက ဒေါသတကြီး ခုန်အုပ်ပြီး ဝက်ပျိုကလေးကို ကြွပ်ကြွပ်မည်အောင် ဝါးစားပစ်ပါသတဲ့၊၊ ကေသရာဇာ ခြင်္သေ့မင်းဟာ ဒါနဲ့တင် မရပ်နားသေးဘဲ ရှေ့တူရှူမှာ ခစားနေတဲ့ ယုန်ကလေးကိုလည်း မထက်နည်းတူ မေးတော်မှုတဲ့အခါ ယုန်ကလေးခမျာ စဉ်းစားရတာပေါ့ ဘုရား´´
ယုန်သားငယ်လေးတင်လျောက်ပုံက
``ရွှေဂူနန်းရှင် သားများသခင်ဘုရား ကျွန်တော်မျိုးသည် အရှင့်အမေးတော်ကို ဖြေကြားနိုင်ရေးအတွက် အားစိုက် နမ်းးရှူံ့ ရှူရှိုက်ကြည့်ပါသော်လည်း မည်သည့်အနံ့မျှ မရအောင် နှာစေးနေကြောင်းပါဘုရား´´ လို့ လျောက်ထားလိုက်တဲ့အတွက် ယုန်သားငယ်မှာ အသက်ဘေးက ချမ်းသာရာ ရသွားကြောင်း ထုံးဟောင်းရှိပါဘုရား´´
အဲ့ဒီ ရှေးစကားသာဓကို အမာထားပြီး ဘုရာူကျွန်ဝန် ငပေါ်ဦးဟာ မြေးတော်နှစ်ပါးအနက် မည်သူ့ကိုဥပဇာအရာ ပေးသင့်သနည်း အားစိုက်ဝေဖန် သုံးသပ်ကြည့်ပါသည်ဘုရား သို့ရာတွင် ကျွန်တော်မျိုးကြီးမှာ နှာစေးသောရောဂါ စွဲကပ်နေပါသဖြင့် မည်ကဲ့သို့တင်ရမည် မသိအောင်ဖြစ်နေကြောင်းပါဘုရ
ဘုရင်မင်းကြီးရဲ့ မလှမ်းမကမ်းမှာ ခံစားနေကြတဲ့ အဆောင်ကိုင်တွေ အနေနဲ့ အလွန်စိတ်ဝင်တစား နားစွင့်နေကြတာကလား၊ အဖြေကိုကြားရတဲ့အခါ ကြိတ်ပြီး ပြုံးနေကြရတယ်၊၊ ဘဝရှင်မင်းတရားကြီးကလည်း အားရပါးရ ပြုံးတော်မူလေရဲ့၊
No comments:
Post a Comment