* ဒွိဟိတ် တိဟိတ် ဥက္ကဋ္ဌ. သြမက ကုသိုလ်ကံများ*
ကုသိုလ်ကံများကို ပြုလုပ်အားထုတ်ရာ၌ စနစ်တကျနည်းမှန်လမ်းမှန် ပြုလုပ်နိုင်ရန် အလွန်အရေးကြီးပါသည်၊၊ ဒါန သီလ ဘာဝနာကုသိုလ်ကံ တစ်ခုခုကိုပြုလုပ်ရာ၌ _မပြုလုပ်မီအချိန် (ပုဗ္ဗ)၊
ပြုလုပ်ဆဲအချိန်(မုဉ္စ)၊
ပြုလုပ်ပြီးအချိန်(အပရ)ဟူ၍ အချိန်ကာလ သုံးမျိုးရှိသည်၊၊
ပြုလုပ်ဆဲအချိန် (မုဉ္စကာလ)တွင် ကံ,ကံ၏အကျိုးကို ယုံကြည်သိမြင်သောဉာဏ် (ကမ္မဿကတာဉာဏ်) ရှိရန် အထူးလိုအပ်ပါသည်၊၊ ထိုသို့ ကံ,ကံ၏ အကျိုးကို ယုံကြည်သိမြင်သောဉာဏ်ဖြင့် ပြုလုပ်လျှင် ထိုကုသိုလ်သည် (တိဟိတ်ကုသိုလ်)ဖြစ်ပါသည်၊၊
ဤဉာဏ်မပါဘဲ မိရိုးဖလာအနေဖြင့် သာမန်သာ ပြုလုပ်လျှင်ဖြစ်စေ၊ ကလေးသူငယ်များကဲ့သို့ အသိဉာဏ်မပါဘဲ ပြုလုပ်လျှင်ဖြစ်စေ ထိုကုသိုလ်သည် (ဒွိဟိတ်ကုသိုလ်)ဖြစ်ပါသည်၊
* ဒွိဟိတ် တိဟိတ်ကုသိုလ်*
တိဟိတ်ဟူသည်မှာ အလှူဒါနပြုလုပ်သောအခါ လှူဖွယ်ပစ္စည်းဝတ္ထုများနှင့်
မိမိအလှူနှင့်ပက်သက်၍ စိတ်ချမ်းသာ ကြည်လင်ရွှင်ပြနေမှု အလှူခံပုဂ္ဂိုလ်များအပေါ် မေတ္တာထားမှုတို့သည် အဒေါသဟိတ်ဖြစ်သည်။
မိမိပြုလုပ်သော ကုသိုလ်ကံနှင့် ကုသိုလ်ကံ၏ အကျိုးတရားများကို ယုံကြည်သိမြင်မှု အသိဉာဏ်ရှိလျှင် အမောဟဟိတ် ဖြစ်သည်။
အလှူကိုလှူဆဲ သီလကိုဆောက်တည်ဆဲ ဘာဝနာကို ပွားများဆဲ ပြုလုပ်ဆဲအခိုက်တွင် ဤဒါန သီလ ဘာဝနာအမှုသည် ဧကန်မုချအကျိုးရှိသည်ဟု ကမ္မဿကတာဉာဏ်ဖြင့် သိမြင်မှုမရှိဘဲ (အသိဉာဏ်မပါဘဲ) မိရိုးဖလာအနေ သာမန်လုပ်ရိုးလုပ်စဉ် အနေဖြင့်ပြုလုပ်လျင် အလောဘဟိတ်၊ အဒေါသဟိတ် နှစ်မျိုးသာရှိ၍ ဒွိဟိတ်ကုသိုလ်ကံ ဖြစ်သည်။
အလှူမလှူခင် အချိန်က အလှူနှင့်ပတ်သက်၍ စိတ်ပူပန်မှု စိတ်မချမ်းသာမှုစသော အကုသိုလ်တရားများဖြစ်နေခြင်
အလှူကို မလှူခင် သီလဘာဝနာအမှုကို မပြုခင် ရှေးကာလတွင် ဒါန သီလ ဘာဝနာနှင့် ပတ်သက်၍ ဝမ်းမြောက်ဝမ်းသာ တတ်ကြွရွှင်လန်းစွာ ပြုလုပ်နေလျှင်၊ ဒါန သီလ ဘာဝနာကိစ္စ ပြီးဆုံးသည့် နောက်ကာလ၌လည်း မိမိ၏ ပြုလုပ်မှုတို့ကို ဝမ်းမြောက်ဝမ်းသာ ကြည်နူးကျေနပ်နေလျှင် ထပ်ခါထပ်ခါ သတိရ အောက်မေ့နေလျှင် ရှေ့နောက်ကုသိုလ်စိတ်များ ခြံရံနေသဖြင့် ''ဥက္ကဋ္ဌကုသိုလ်'' အမြတ်စားကုသိုလ်ဟု ခေါ်သည်။ ''တိဟိတ် ဥက္ကဋ္ဌကုသိုလ်'' တိဟိတ်အမြတ်စား ကုသိုလ်၊ ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်'' ဒွိဟိတ်အမြတ်စား ကုသိုလ်တို့ဖြစ်ကြသည်။
တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံကြောင့်
တိဟိတ်သြမကကုသိုလ်ကံနှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံတို့သည
ဒွိဟိတ်သြမကကုသိုလ်ကံကြောင်
ထို့ကြောင့်ဒါန သီလ ဘာဝနာ ကုသလိုလုပ်ငန်းပြုလုပ်စဉ် နည်းစနစ်မှန်ကန်ရန် အလွန်အရေးကြီးသည်။ သံသရာဝယ် ကျင်လည်ရစဉ် ဘဝများစွာတို့၌ ကမ္မဿကတာဉာဏ်ပညာ ရှိသူဖြစ်ရန် ခဲယဉ်းလှသည်။ ထိုကမ္မဿကတာဉာဏ်မပါဘဲ ကုသိုလ်မှုများကို မည်မျှပင် ပြုလုပ်စေကာမှု တိဟိတ်ဥက္ကဋ္ဌကုသိုလ် အကျိုးတရား အထက်တန်းစားများကို ခံစားရမည်မဟုတ်ပေ။
ကံ,ကံ၏ အကျိုးကို မယုံကြည်မသိမမြင်သူ အယူဝါဒမှားယွင်းသူများ၏ ကောင်းမှုကုသိုလ်များသည် တိဟိတ်ဥက္ကဋ္ဌ အကျိုးပေးကြမည် မဟုတ်ပေ။ ကုသိုလ်ပြုစဉ် ဉာဏ်ပညာမျိုးစေ့ပါမှသာလျှင်
ဒါကတော့ ဆောင်ပုဒ်လေးပါ-
ကုသိုလ်ပြုစဉ် ကံကိုမြင်သိ ဉာဏ်ယှဉ်ဘိမှု တိဟိတ်ကုသိုလ် ခေါ်ဆိုကြရိုး၊
အကျိုးမမြင် ဉာဏ်မယှဉ်သော် ခေါ်တွင်ဒွိဟိတ် ကုသိုလ်စိတ်တည်း၊
ကြိတ်လိပ်သေသပ် ရှေ့နောက်နှစ်ရပ်ဝယ် ညပ်မှုကုသိုလ် ဥက္ကဋ္ဌ်ဆို၏။
ထိုထိုနှစ်တန် အကုခြုံလျှင် တဖန် သြမက အမည်ရသည် မှတ်ကြလွယ်ဖို့ အချုပ်တည်း။
(ဆက်လက်ဖော်ပြပါမည်။)
No comments:
Post a Comment