(၁)'ယနေ့မှစ၍ အကျွန်ုပ်၏ ခန္ဓာကိုယ်ကို ဘုရား တရား သံဃာအား အပ်နှင်းပါ၏၊၊' ဟု နှုတ်မြွက်၍လည်း ဆောက်တည်နိုင်သည်၊၊(အတ္တသန္နိ
(၂)'ယနေ့မှစ၍ အကျွန်ုပ်အား ဘုရား တရား သံဃာကိုသာလျှင် ကိုးကွယ်အားထားရာရှိသူဟု မှတ်ယူတော်မူပါ' ဟု နှုတ်မြွက်၍လည်း ဆောက်တည်နိုင်၏၊၊ (တပ္ပရာယဏသရဏဂုံ)ဟု ခေါ်သည်၊၊
'ငါ့ကိုးကွယ်ရာဟာ ဒါမှ ဒါဘဲ' ဟု ရတနာသုံးပါးကိုသာ အမြဲဦးတိုက်၍ သတိရ၍ နေသော အာဠဝကဘီလူး၊ ဟေမဝတ၊ သာတာဂိရနတ်စစ်သူကြီးများ ခံယူထားသကဲ့သို့ ဖြစ်သည်၊၊
(၃)'ယနေ့မှစ၍ ဘုရား တရား သံဃာ၏ အတွင်းနေတပည့်ဟု မှတ်ယူတော်မူပါ' ဟု နှုတ်မြွက်၍ တပည့်ခံသောအားဖြင့်လည်း ဆောက်တည်နိုင်၏၊၊ (သိဿဘာဝူပဂမန သရဏဂုံ) ဟု ခေါ်သည်၊၊
အရှင်မဟာကဿပလောင်းလျာ ပိပ္ပလိလုလင် တပည့်ခံယူသကဲ့သို့ ဖြစ်သည်၊၊
(၄)`ယနေ့မှစ၍ ဘုရား တရား သံဃာကိုသာ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီမိုးခြင်း၊ အရိုအသေပေးခြင်းပြုသူဟု မှတ်ယူတော်မူပါ' ဟု နှုတ်မြွတ်၍လည်း ဆောက်တည်နိုင်၏၊၊ (ပဏိပါတသရဏဂုံ) ဟု ခေါ်သည်၊၊
ဗြဟ္မာဟု ပုဏ္ဏားကြီးကဲ့သို့ လွန်လွန်ကဲကဲ လေးလေးမြတ်မြတ် တုပ်ဝပ်ကြည်ညိုသဖြင့် ဆည်းကပ်ခြင်းမျိုး ဖြစ်သည်၊၊
*သရဏဂုံ တည်,မတည်၊ ပျက်,မပျက်*
ပြောဆိုပုံ၊ ပြုမူပုံကိုလိုက်၍ သရဏဂုံဆောက်တည်နည်း လေးမျိုးရှိရာတွင် အရိုအသေပြုခြင်း ရှိခိုးခြင်းဖြင့်လည်း သရဏဂုံတည်သဖြင့် 'အရိုအသေပြုတိုင်း ရှိခိုးတိုင်း သရဏဂုံတည်သလော၊ ရတနာသုံးပါးမှ တပါးသော သာသနာပပုဂ္ဂိုလ်များကို အရိုအသေပြုလျှင် ရှိခိုးလျှင်လည်း သရဏဂုံပျက်သလော'ဟု စဉ်းစားစရာရှိသည်၊၊
သို့ရာတွင် ဆွေမျိုးတော်စပ်၍ ရှိခိုးခြင်း၊ ကြောက်ရ၍ ရှိခိုးခြင်း၊ ပညာသင်ပေးသော ဆရာအဖြစ်ဖြင့်ရှိခိုးခြင်း၊
ဤ၌ ကြောက်ရ၍ မင်းစိုးရာဇာများကိုရှိခိုး
ရိုသေသမူ ရှိခိုးနှင့်စပ်၍ သရဏဂုံတည်ခြင်း ပျက်ခြင်းနှစ်မျိုး
တွင် အချုပ်မှတ်သားရန်မှာ မြတ်သောအလှူခံပုဂ္ဂိုလ် (ဒက္ခိဏေယျ)အဖြစ် အထွတ်အမြတ်အဖြစ် သဘောထား၍ ရိုသေသမှု ရှိခိုးမှု ပြုမှ သရဏဂုံတည်၍ ထိုအထွတ်အမြတ်အဖြစ် သဘောထားမှုမပါလျှင် သရဏဂုံမတည်၊၊ ထို့ကြောင့် နတ်စသည်ကိုးကွယ်ရာ၌ ရတနာသုံးပါးထက် မြတ်သည်ဟု သဘောထား၍ ကိုးကွယ်လျှင် သရဏဂုံပျက်သည်ဟု မှတ်သင့်သည်၊၊
ထို့ကြောင့်သရဏဂုံတည်ခြင်း ပျက်ခြင်း ပဓာနအကြောင်းရင်းမှာ ပြုလုပ်ကိုးကွယ်သူ၏ စိတ်၌ အထွတ်အမြတ်သဘောထားမှု မထားမှုနှင့် တိုင်းတာရသည်၊၊
သရဏဂုံ ညစ်နွမ်းခြင်း
ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများကိုမသိခြင်း
စေတီ ရုပ်ပွား ဘုရားကျောင်းကန်နှင့် စပ်၍သော်လည်းကောင်း၊ တရားစာအုပ်ကိုင်တွယ် ကြည့်ရှုထားသိုမှု၊ တရားနာယူမှုနှင့် စပ်၍သော်လည်းကောင်း၊ ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ သော်လည်းကောင်း ရိုသေလေးမြတ်မှုမရှိခြင်း၊ စေတီရုပ်ပွားအနီးအနား၌ မရိုမသေနေထိုင်ခြင်း ရိုင်းပြဆူညံစွာပြောဆိုခြင်
သရဏဂုံ ပျက်ခြင်း
တစ်ကြိမ်တစ်ခါ ဆောက်တည်ထားသော သရဏဂုံသည် ဘာသာအယူဝါဒကူးပြောင်းလျင်သေ
အရိယာပုဂ္ဂိုလ်များ၏ သရဏဂုံမှာ ဘဝပြောင်းသော်လည်း မပျက်ပြယ်၊ ဘဝခြားစေကာမှု ဆရာမပြောင်း၊ အယူမပြောင်းတော့ချေ၊၊ အမြဲတည်တံ့သော သရဏဂုံ ဖြစ်၏၊၊
အသုဘ၌ သရဏဂုံတင်ခြင်း
သရဏဂုံနှင့်စပ်၍ သိမှတ်ဖွယ်တစ်ခုမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ကွယ်လွန်လျှင် ကျန်ရစ်သူဆွေမျိုးများက ကွယ်လွန်သူ၏ အလောင်းအနီး၌ သရဏဂုံသီလဆောက်တည်ပြီး ကုသိုလ်ပြု အမျှအတန်းပေးဝေလေ့ရှိကြ၏၊ 'သရဏဂုံတင်သည်'ဟု.ခေါ်တွင်သည
ထိုအခမ်းအနား၏ လိုရင်းရည်ရွယ်ချက်မှာ ကွယ်လွန်သူအား အမျှအတန်းပေးဝေခြင်းသာဖြစ်၏
ကွယ်လွန်သွားသူမှာ အကယ်၍ ပေတဂတိသို့ ရောက်နေခဲ့လျှင် သာဓုခေါ်နိုင်ရုံမျှမက သရဏဂုံသီလ ဆောက်တည်ခွင့်ပင် ရရှိသွားနိုင်၏၊၊ သံသရာက တော်စပ်ခဲ့သော ဆွေမျိုးပြိတ္တာများလည်း အလားတူရရှိနိုင်ကြသည်ပင် ဖြစ်၏၊၊ ထို့ကြောင့် အသုဘကိစ္စ၌ သရဏဂုံတည်ခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နောက်ဆုံးခရီးအတွက် အကောင်းဆုံးသော နောက်ဆုံး အကူအညီပေးမှုဖြစ်၍ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်ေ
လူတစ်ဦးကွယ်လွန်သွားသောအခါ
*ဗောဓိမင်းသား၏ မယ်တော်ကဲ့သို့ ဝမ်းတွင်းရှိ သားတော်ငယ်အတွက် ဘုရားအမှူးရှိသော သံဃာများထံ သရဏဂုံခံယူပေးခြင်း၊
*ဒီဃာဝုသတို့သား မိဘတို့ကဲ့သို့ သားသမီးငယ်များအတွက် အလှူလုပ်ပေးခြင်း၊ 'ဦးတော်'လုပ်ခိုင်းခြင်း၊
*ဒုဋ္ဌဂါမဏိ,သဒ္ဓါတိဿတို့၏ ဖခင် ကာလဝဏ္ဏာတိဿမင်းကြီးကဲ့သို့ ရတနာသုံးပါးဦးတိုက်၍ ထမင်းခွံ့မင်္ဂလာစသည်လုပ်ပေြး
*အနာထပိဏ်သူဌေးကြီး သားဖြစ်သူ ကာဠအား ပိုက်ဆံပေး၍ ဥပုသ်စောင့်ခိုင်းသကဲ့သို့ သားသမီးတို့အား ဘာသာရေးအသိသွင်းပေးခြင်း၊
တို့သည် မိဘတို့ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ကနဦးဘဝအစ၏ကောင်းခြင်းကို ရခဲ့ကြသည်၊၊ တာဝန်သိသော သားသမီးတို့၏ ကျေးဇူးကြောင့် ဘဝနိဂုံးနောက်ဆုံးကောင်းခြင
ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်တို့၏ ဘဝသည် အရတော်ပေစွ။
No comments:
Post a Comment