*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၈) *
*ဥပပီဠက ကံ*
ဇနက ကံကြောင့် ပဋိသန္ဓေတည်နေလာသူတစ်ဦးသည် ချမ်းသာမှု ဆင်းရဲမှုများကို ခံစားရသောအခါ အချိန်ကြာကြာ ခံစားခွင့်မရအောင် ဥပပီဠကကံက တားမြစ်ပိတ်ပင်တတ်သည်။ ညှင်းဆဲတတ်၏။ အဓွန့်ရှည်ကြာဖြစ်ပွားဖို့ရ န်
အခွင့်အရေး မပေး၊ ကုသိုလ်ကံများ အကျိုးပေးနေ၍ ချမ်းသာသုခ ခံစားနေရစဉ်
အကုသိုလ်ကံသည် ဥပပီဠက ကံအနေဖြင့် ပေါ်ပေါက်လာ၍ ကုသိုလ်အကျိုးပေးမှုကို ပိတ်ပင်တားဆီးလိုက်သည်။
ထို့အတူပင် ကုသိုလ်အကျိုးပေးနေ၍ ဆင်းရဲဒုက္ခရောက်နေစဉ် ကုသိုလ်ကံသည် ဥပပီဠက
ကံအနေဖြင့် ပေါ်ပေါက်လာ၍ ထိုအကုသိုလ်ကံ၏ အကျိုးပေးမှုကို
ပိတ်ပင်တားမြစ်လေသည်။
ကြီးထွားနေသော သစ်ပင်ခြုံနွယ်ကို တစုံတယောက်က တုတ်ဓားလက်နက်ဖြင့် ထိုးခုတ်လိုက်ပါက ထိုအပင် ခြုံနွယ်သည် ကြီးထွားရန် မဖြစ်နိုင်တော့သကဲ့သို့ ထို့အတူပင် ကုသိုလ်ကံအကျိုးပေးနေစဉ် အကုသိုလ်ကံက ဝင်ရောက်နိုပ်စက်လိုက်လျှင် ၊ အကုသိုလ်ကံ အကျိုးပေးနေစဉ် ကုသိုလ်ကံကဝင်ရောက်နိုပ်စက် နှောင့်ယှက်ပိတ်ပင်လျှင် အကျိုးပေးခြင်း ဆက်လက်မဖြစ်ပွားနိုင်တော့ပေ ။
သုနက္ခတ္တရဟန်း၏ အကုသိုလ်ကံသည် ကုသိုလ်ကံကို တားမြစ်ပိတ်ပင်ခဲ့သည်။ သုနက္ခတ္တရဟန်း၏ ဒိဗ္ဗစက္ခုအဘိညာဉ် ကုသိုလ်ကံကို မြတ်စွာဘုရားအား စွပ်စွဲပြစ်မှားမှု အကုသိုလ်ကံက တားမြစ်လိုက်သဖြင့် ဒိဗ္ဗစက္ခုအဘိညာဉ် ကွယ်ပျောက်သွားခဲ့ရသည်။
မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်မြို့တွင် ဝါတကာဠက အမည်ရှိသောသူသည် နှစ်(၅၀)ပတ်လုံး ဘုရင့်လူသတ်သမားကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ အသက်ကြီးရင့်သောအခါ လူသတ်မှုတာဝန်ကို မထမ်းဆောင်နိုင်တော့သဖြင့် အနားယူခဲ့ရသည်။ လူသတ်တာဝန် ထမ်းဆောင်ရသဖြင့် အဝတ်သစ်မဝတ်ရ၊ ပန်းနံ့သာကောင်းများ မသုံးဆောင်ရ၊ ထမင်းကောင်းကောင်းမစားရ၊ ရေကောင်းကောင်းမချိုးရ၊ အချိန်ပြည့်တာဝန်ယူခဲ့ရသည်။
နှစ်ပေါင်းများစွာ ညစ်ညမ်းပေရေစွာ နေထိုင်ခဲ့ရသည်။ အနားယူသောနေ့တွင်
ဃနာထမင်း ကောင်းကောင်းချက်ထားရန် မိမိဇနီးအားမှာကြားပြီး ရေချိုးရန်
မြစ်ဆိပ်သွား၏။ ခေါင်းလျှော် ရေချိုး အဝတ်အစားသစ်ဝတ် ပန်းနံ့သာ
အမွှေးအကြိုင်များချယ်သပြီး အိမ်ပြန်အလာ အရှင်သာရိပုတ္တရာမထေရ်မြတ်ကို လမ်းတွင်တွေ့ရသည်။
လွန်စွာ ညစ်ပတ်ပေကျံ၍ ယုတ်ညံ့သော သူသတ်ပါးကွက် အာဏာသားအလုပ်မှ ယခုပင် အနားယူခိုက် တိုက်တိုက်ဆိုင်ဆိုင် မထေရ်မြတ်ကိုဖူးတွေ့ရ၍ ဝမ်းသာအား၍ ဖြစ်သွား၏။ မထေရ်ကို အိမ်သို့ပင့်ဆောင်ခဲ့ပြီး ထောပတ် သကြားများဖြင့် ချက်ပြုတ်ထားသော ဃဏာနို့ဆွမ်းကို လှူဒါန်းဆက်ကပ်သည်။
ဆွမ်းဘုန်းပေးပြီးနောက် မထေရ်မြတ်က အနုမောဒနာတရားတော်ဟောပြတော် မူသည်။
မထေရ်မြတ် ပြန်ကြွသောအခါ လိုက်ပို့ပြီး မထေရ်၏တရားကို နှလုံးသွင်းလျက်
ပြန်အလာ လမ်းခရီးအကြား၌ သားဖွားပြီးစ နွားမတစ်ကောင်က ဝှေ့သဖြင့် ရုတ်တရက်
ကွယ်လွန်ခဲ့ရသည်။ ထိုကုသိုလ်ကံကြောင့် တာဝတိံသာဝယ် နတ်သားဖြစ်ခဲ့သည်။ ဤ၌
လူသတ်မှု အကုသိုလ်ကံ၏ အကျိုးပေးခြင်းကို ဆွမ်းအလှူနှင့် တရားနှလုံးသွင်းမှု
ကုသိုလ်ကံက တားမြစ်ပိတ်ပင်လိုက်သဖြင့် လူသတ်သမားကြီး ဝါတကာဠက
သုဂတိဘဝကောင်းကို ရခဲ့လေသည်။
(ဆက်လက်ဖော်ပြပါမည်။)
*ဥပပီဠက ကံ*
ဇနက ကံကြောင့် ပဋိသန္ဓေတည်နေလာသူတစ်ဦးသည် ချမ်းသာမှု ဆင်းရဲမှုများကို ခံစားရသောအခါ အချိန်ကြာကြာ ခံစားခွင့်မရအောင် ဥပပီဠကကံက တားမြစ်ပိတ်ပင်တတ်သည်။ ညှင်းဆဲတတ်၏။ အဓွန့်ရှည်ကြာဖြစ်ပွားဖို့ရ
ကြီးထွားနေသော သစ်ပင်ခြုံနွယ်ကို တစုံတယောက်က တုတ်ဓားလက်နက်ဖြင့် ထိုးခုတ်လိုက်ပါက ထိုအပင် ခြုံနွယ်သည် ကြီးထွားရန် မဖြစ်နိုင်တော့သကဲ့သို့ ထို့အတူပင် ကုသိုလ်ကံအကျိုးပေးနေစဉ် အကုသိုလ်ကံက ဝင်ရောက်နိုပ်စက်လိုက်လျှင်
သုနက္ခတ္တရဟန်း၏ အကုသိုလ်ကံသည် ကုသိုလ်ကံကို တားမြစ်ပိတ်ပင်ခဲ့သည်။ သုနက္ခတ္တရဟန်း၏ ဒိဗ္ဗစက္ခုအဘိညာဉ် ကုသိုလ်ကံကို မြတ်စွာဘုရားအား စွပ်စွဲပြစ်မှားမှု အကုသိုလ်ကံက တားမြစ်လိုက်သဖြင့် ဒိဗ္ဗစက္ခုအဘိညာဉ် ကွယ်ပျောက်သွားခဲ့ရသည်။
မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်မြို့တွင် ဝါတကာဠက အမည်ရှိသောသူသည် နှစ်(၅၀)ပတ်လုံး ဘုရင့်လူသတ်သမားကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ အသက်ကြီးရင့်သောအခါ လူသတ်မှုတာဝန်ကို မထမ်းဆောင်နိုင်တော့သဖြင့် အနားယူခဲ့ရသည်။ လူသတ်တာဝန် ထမ်းဆောင်ရသဖြင့် အဝတ်သစ်မဝတ်ရ၊ ပန်းနံ့သာကောင်းများ မသုံးဆောင်ရ၊ ထမင်းကောင်းကောင်းမစားရ၊ ရေကောင်းကောင်းမချိုးရ၊ အချိန်ပြည့်တာဝန်ယူခဲ့ရသည်။
လွန်စွာ ညစ်ပတ်ပေကျံ၍ ယုတ်ညံ့သော သူသတ်ပါးကွက် အာဏာသားအလုပ်မှ ယခုပင် အနားယူခိုက် တိုက်တိုက်ဆိုင်ဆိုင် မထေရ်မြတ်ကိုဖူးတွေ့ရ၍ ဝမ်းသာအား၍ ဖြစ်သွား၏။ မထေရ်ကို အိမ်သို့ပင့်ဆောင်ခဲ့ပြီး ထောပတ် သကြားများဖြင့် ချက်ပြုတ်ထားသော ဃဏာနို့ဆွမ်းကို လှူဒါန်းဆက်ကပ်သည်။
ဆွမ်းဘုန်းပေးပြီးနောက် မထေရ်မြတ်က အနုမောဒနာတရားတော်ဟောပြတော်
(ဆက်လက်ဖော်ပြပါမည်။)
No comments:
Post a Comment