*အတိတ်ကံ*
ဘဝသံသရာသည် လွန်စွာနှစ်ပရိစ္ဆေဒများရှည်
ကံအမျိုးအစားများလိုက် တစ်ဘဝထဲ၌ အကျိုးအကုန်ပေးနိုင်သော ကံကနည်းပါး၍ သံသရာတစ်လျောက် ရေရှည်တုံ့ပြန်ကျိုးပေးသော ကံမျိုးက ပိုများပြားကြသည်၊၊ သို့ဖြစ်၍ အတိတ်ဘဝများက ပြုလုပ်ခဲ့သော ကံများသည် ယခုဘဝ၌ အတိက်ကံ အကျိုးတရားများ အဖြစ် အကျိုးပေးကြသည်၊၊ အတိတ်ကံကြောင့် ယခုဘဝတွင် ကောင်းကျိုးဆိုးပြစ်များကို
'' ဣဿရနိမ္မာနဝါဒခေါ် ဖန်ဆင်းရှင် တန်ခိုးရှင်ကြောင့် မိမိတို့ဘဝ ပြည့်စုံမှု မပြည့်စုံမှုတို့ ဖြစ်ပေါ်နေရသည်'' ဟူသော အယူဝါဒကို ယုံကြည်သူတို့သည် အတိတ်ကံကို လက်မခံကြပေ၊၊ ယခု ပစ္စုပ္ပန်ဘဝတွင် ကောင်းကျိုးဆိုးပြစ် ဖြစ်ဖြစ်သမျှသည် ဖန်ဆင်းရှင်တို့၏ ချီးမြှောက် မစမှုအပေါ်၌သာ တည်နေသည်ဟု ယုံကြည်စွဲလမ်းနေကြသည်၊၊
အတိတ်ကံကို မယုံသူများရှိသကဲ့သို့ အတိတ်ကံကို တစ်ဖက်သက် ယုံကြည်သူများလည်း ရှိကြသေးသည်၊၊ ထိုသူများကို ''ပုဗ္ဗေကတဟေတုဒိဋ္ဌိ အယူရှိသူများ'' ဟုခေါ်၏၊၊ ဖြစ်ပေါ်နေသမျှ ပစ္စုပ္ပန်ကောင်းကျိုး ဆိုးပြစ် ဟူသမျှသည် အတိတ်ဘဝက ပြုလုပ်ခဲ့သော ကံကြောင့်သာ ဖြစ်ပေါ်နေကြရသည်၊၊ ယခုဘဝတွင် မည်မျှပင် ကြိုးစားအားထုတ်သော်လည်း တိုးတတ်မြင့်မားမည့်ဘဝမျိုး
ဤသို့ အတိတ်ကံနှင့်ပတ်သတ်၍ အဖြေရှာနေကြစဉ် ဘဝသံသရာလည်းမရှိ၊ အတိတ်ဘဝလည်းမရှိ၊ အနာဂတ်ဘဝလည်းမရှိ၊ မည်သည့်ကုသိုလ် အကုသိုလ်ပြုပြု ခံရစံရခြင်းမရှိ၊ သူဖြစ်ချင်သလိုဖြစ်နေကြသည်၊
ထို့ထက် လေးနက်စွာတွေးကြည့်လျင် ကြက်ငှက်စသော သူတစ်ပါးအသက်ကို သတ်ရခြင်းသည် ဖန်ဆင်းပေး၍ သတ်ရသည်၊၊ အတိတ်ကံကြောင့်သတ်နေရသည်၊၊ အကြောင်းမဲ့သတ်ဖြတ်နေရသည်၊၊
အမှန်မှာမှု သတ္တဝါတို့ခံစားစံစားနေကြရသေ
*အတိတ်ပစ္စုပ္ပန် ကံနှစ်တန်*
ဗုဒ္ဓဘာသာဝင်တို့သည် ကံ,ကံအကျိုးကို ယုံကြည်ကြသည်၊၊ အတိတ်ကံကြောင့် ရခဲသောလူ့ဘဝကို ရခဲ့ကြသည်၊၊ ရုပ်ရေ အင်္ဂါလက္ခဏာတို့ ပြည့်စုံရသည်၊၊ အကယ်၍ အတိတ်ကံသည် မကောင်းခဲ့ပါမှု လူ့ဘဝကောင်းကို ရလာကြမည်မဟုတ်ပေ၊၊ ငရဲဘဝ တရိစ္ဆာန်ဘဝ စသည်တို့ကို ရကြပေမည်၊၊
အတိတ်ကံကြောင့် သုဂတိဘဝ လူဖြစ်လာကြပြီး ကြီးပွားတိုးတတ်ရန်မှာမှု ပစ္စုပ္ပန်ခေါ်သော ကံ ဉာဏ် ဝီရိယတို့ကိုအသုံးပြုရပေမည်
ပစ္စုပ္ပန်ကံ ဟူသည်မှာ ယခုဘဝ ယခုကာလတွင် ဉာဏ်ပညာဖြင့် ချင့်ချိန်တွေးခေါ်မြော်မြင်
ကာလသမ္ပတ္တိခေါ် လုပ်ငန်းလုပ်ဆောင်ရန်အတွက် အဆင်ပြေသော အချိန်ဖြစ်ရမည်၊၊ ဥပဓိသမ္ပတ္တိခေါ် ရုပ်ရေလက္ခဏာကျန်းမာရေး ဥပဓိနှင့် ပြည့်စုံရန်လည်း လိုအပ်သည်၊၊ ထိုသို့ သမ္ပတ္တိသုံးပါးတို့နှင့် ပြည့်စုံသော်လည်း ပယောဂသမ္ပတ္တိ ခေါ်ကြိုးစားအားထုတ်မှုရှိရန်
သို့ဖြစ်၍ ယခုဘဝတွင် ဉာဏ်ဝီရိယကြိုးစားအားထုတ်မှု
'' ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ထံ၌ ဉာဏ် ဝီရိယ ပယောဂတည့်'' ဟူ၍ မန်လည်ဆရာတော် ဘုရားကြီးက ကံသဘောကို ရှင်းလင်း ဖွင့်ဆိုထားခဲ့ပေသည်၊၊
(ဆက်လက် ဖော်ပြပါမည်)
No comments:
Post a Comment