ကံတရားသည် အကျိုးပေးစဉ်အရ လေးမျိုးရှိသည်။ ၎င်းတို့မှာ ဂရုကကံ, အာသန္နကံ, အာစိဏ္ဏကံ, ကဋတ္တာကံ တို့ဖြစ်ကြသည်။
*ဂရုကကံ*
ဂရုကကံ ဟူသည်မှာ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့်ဆိုင်၍ စုတိ၏အခြားမဲ့ သေလွန်ပြီးနောက်၌ မလွဲမသွေ အကျိုးပေးနိုင်လောက်အောင် အားကြီးသောကံ ဖြစ်သည်။ ကုသိုလ်အရာတွင် အင်အားကြီးမားကြကုန်သော ဈာန်တရားများ (မဟဂ္ဂုတ်ကံ)နှင့် အကုသိုလ်အရာတွင် အပြစ်ကြီးမားကြကုန်သော အနန္တရိယကံ (ဘဝမခြား အကျိုးပေးသော ကံ)၊ နိယတမိစ္ဆာဒိဋ္ဌိကံ ကျိန်းသေပေါက် ငရဲရောက်စေနိုင်သောကံ)များ ဖြစ်ကုန်၏။
ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံခေါ်ဆိုရသော ဈာန်တရားသည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဟူ၍ ရူပကုသိုလ်ဈာန်ငါးပါး။ အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာယတနဈာန် ဟူ၍ အရူပကုသိုလ် ဈာန်လေးပါးအားဖြင့် စုစုပေါင်း ၉-ပါးရှိသည်။ ထိုဈာန်တရားကိုရသောသူသည် ဈာန်လက်ရှိဖြင့် ဤဘဝမှ စုတေကွယ်လွန်သောအခါ ဧကန်ပင် ဗြဟ္မာ့ပြည်၌ ဖြစ်ရမည်။ ကုသိုလ်အရာ၌ စွမ်းအင်ကြီးမားသော ကံတရားပင်ဖြစ်၍ ကုသိုလ်ဂရုကကံဟု ခေါ်သည်။
အကုသိုလ်အရာ၌ အာနန္တရိယကံငါးပါးနှုင့် နိယတမိစ္ဆာဒိဋ္ဌိကံတို့သည် ဂရုကကံများ ဖြစိကြကုန်၏။ အာနန္တရိယကံဆိုသည်မှာ သေသည်မှ အခြားမဲ့ ဒုတိယဘဝ၌ ငရဲတွင် အကျိုးပေးလေ့ရှိသော ကံဖြစ်သည်။
ထိုအာနန္တရိယကံသည်
မာတုဃာတက (အမိကို သတ်မှု)၊
ပိတုဃာတက (အဘကို သတ်မှု)၊
အရဟန္တဃာတက (ရဟန္တာကို သတ်မှု)၊
လောဟိတုပ္ပါဒက (ဘုရားရှင်၌သွေးစိမ်းတည်အော
သံဃဘေဒက (သံဃာချင်း ကွဲပြားအောင် သင်းခွဲမှု)ဟူ၍ ငါးမျိုးရှိသည်၊၊ ငါးမျိုးရှိသဖြင့် ပဉ္စာနန္တရိယကံ ဟုလည်း ခေါ်သည်။
အမိအဘမှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သေစေလိုသောစိတ်ဖြင့် သတ်လျှင် ကံကြီးထိုက်သည်။ မိဘက တိရစ္ဆာန်ဖြစ်လျှင် (သို့မဟုတ်) မိမိက တိရစ္ဆာန်ဖြစ်လျှင် အာနန္တရိယကံမထိုက်သော်လည်း ထိုကံလောက်နီးနီး အပြစ်ကြီးလှသည်၊၊ ရဟန္တာသတ်မှု၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုမှုတို့
သံဃာအချင်းချင်း ကွဲပြားအောင် (နှစ်စုခွဲ၍ တပြိုင်နက် ကံပြုအောင်) အားထုတ်စီမံ၍ အထမြောက်လျှင် အားထုတ်သူသည် သံဃဘေဒက ကံထိုက်သည်။ ထိုကံသည် ရဟန်းသံဃာနှင့်သာ သက်ဆိုင်သည်။ သံဃာအချင်းချင်းကွဲပြားအောင
ဤပဉ္စာနန္တရိယကံ (၅)ပါးတွင် တပါးပါးကို ကျူးလွန်မိလျှင် သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ကျရောက်မည်။ ဤကံငါးပါးတွင် သံဃဘေဒကကံသည် အပြစ်ကြီးဆုံးဖြစ်သည်။ အဝီစိငရဲ၌ အာယုကပ်ပတ်လုံး အဝီစိငရဲဘုံသက်နှင့် အညီအမျှ ခံရသော (ကပ္ပဋ္ဌိက) ကံကြီးဖြစ်သည်။ လောဟိတုပ္ပါဒကကံတွင် ဘုရားစေတီများကို ဖျက်ဆီးခြင်း၊ ဗောဓိညောင်ပင်ဖျက်ဆီးခြင်း၊
သံဃဘေဒက၊ လောဟိတုပ္ပါဒက၊ အရဟန္တဃာတက၊ မာတုဃာတက၊ ပိတုဃာတကကံတို့သည် အစဉ်အတိုင်းအပြစ်ကြီးလေးကြ၏
(ဆက်လက်ဖော်ပြပါမည်။)
No comments:
Post a Comment