*ဥပဃာတက ကံ*
အားနည်းသောကံကို သုတ်သင်ဖယ်ရှားပြီး ထိုကံ၏ အကျိုးပေးခွင့်ကို တားမြစ်ကာ မိမိကံ၏ အကျိုးပေးခွင့်ကိုသာ ဖြစ်ပေါ်စေတတ်သော ကံသည် ဥပဃာတက ကံခေါ်၏။ ဥပစ္ဆေဒကကံ ဟုလည်းခေါ်၏။ ကုသိုလ်ကံ အကျိုးပေး၍ ချမ်းသာသုခ ခံစားနေရသူတစ်ဦးအား အကုသိုလ်ကံဆိုး တစ်ခုပေါ်ထွက်လာပြီး ကုသိုလ်ကံကို ပယ်သက်ပစ်လိုက်သည်။ ထို့အတူပင် အကုသိုလ်ကံအကျိုးပေး၍ ဒုက္ခရောက်နေသူတစ်ဦးအား ကုသိုလ်ကံကောင်း တစ်ခုပေါ်ထွက်လာ၍ ထိုအကုသိုလ်ကံကို ဖြတ်တောက်ပယ်ရှား ပစ်လိုက်သည်။ ဤသည်မှာ ဥပစ္ဆေဒကကံ၏ သတ္တိဖြစ်သည်။
အဇာတသတ်မင်းသားသည် ပိတုဃာတက ကံကြောင့် မဟာအဝီစိငရဲကြီး၌ ဧကန်ကျရောက်၍ နှစ်ရာပေါင်းများစွာ ဆင်းရဲဒုက္ခကြီးခံစားရမည့် အကုသိုလ်ဂရုကကံကြီးထိုက်နေသ
အဂုင်္လိမာလလူဆိုးကြီး လူပေါင်းများစွာ၏ အသက်ကို သတ်ဖြတ်ခဲ့သူဖြစ်၍ ငရဲသို့ ကျရောက်ရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း မြတ်စွာဘုရားနှင့် တွေ့ပြီး တရားနာ တရားရှုမှတ်ခွင့်ရသဖြင့် အမြတ်ဆုံးအားအကောင်းဆုံးသော
ဤသို့လျှင် ဥပဃာတကကံသည် အခြားကံများကို အပြီးတိုင်ပယ်သတ်နိုင်သည်။ ထိုကံတို့၏ အကျိုးကိုလည်း ပယ်သတ်နိုင်သည်။ မိမိတည်းဟူသော ဥပဃာတကကံ၏ အကျိုးများကိုသာ ဖြစ်ပွားစေနိုင်သော သတ္တိရှိလေသည်။
(ဆက်လက်ဖော်ပြပါမည်။)
No comments:
Post a Comment