နိဗ္ဗာန်ဆော်လေးဖြစ်ပါရစေးးးးးးးးးးးးးးးးးး
စာရေးသူကျွန်မနိဗ္ဗာန်ဆော်ဟုသုံးနှုန်းရခြင်းမှာ သာသနာ တော်ကြီးအဓွန့်ရှည်ကြာစေရန် ကျွန်မတတ်စွမ်းသလောက်တိုက်တွန်းနှိုးဆော်ချင်သောကြောင့်ပင်ဖြစ်ပါတယ်။
ကျွန်မရေးသောဒီစာသည် ထေရဝါဒဗုဒ္ဓဘာသာ၏အရိပ်အောက်တွင်ရှိသောမြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး၏ ရင်ထဲတွင်ကိန်းဝပ်စေရန်ရည်ရွယ်ပါသည်။
ယခုကြုံဆုံလာသောအချိန်အခါနဲ့တိုက်ဆိုင်စွာဘဲ ကျွန်မ တို့မြန်မာ့မြေပေါ်တွင်ဖြစ်ခဲ့သောဇာတ်လမ်းလေးတစ်ပုဒ်နှင့်သာဓကဆောင်ကာကျွန်မပြောပြပါရစေ။
အေဒီ ၁၀၄၃ ဝန်းကျင်က ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသများကို ဟံသာဝတီနေပြည်တော်လို့ခေါ်ပါတယ်။ အုပ်ချုပ်သောမင်းရဲ့အမည်ကတော့ တိဿဖြစ်ပါတယ်။ တိဿဘုရင်ကြီးနှင့်တကွ တိုင်းသူပြည်သားများသည်ဗုဒ္ဓဘာသာဖြစ်ကြသော်လည်းအမတ်အများစုကတော့ ဗြဟ္မဏ ကိုးကွယ်တဲ့ ဗြဟ္မဏဘာသာဝင်တွေဖြစ်ပါတယ်။စဉ်းစားပါတော့စာရှုသူးးးးးးးးး
ထို့ကြောင့်အမတ်များသည် တိဿဘုရင်ကြီးကိုနည်းမျိုး စုံဖြင့်ဆွဲဆောင်ရာတစ်နေ့တွင်အောင်မြင်သွားတော့သည်။
တိဿဘုရင်ကြီးကား ဗုဒ္ဓဘာသာမှ ဗြဟ္မဏဘာသာသို့ပြောင်း သွားလေပြီ။ ( ယင်းကား
ဗုဒ္ဓဘာသာနိုင်ငံတို့၏ ဘာသာခြား များအားရာထူးကြီးကြီးပေးမိခြင်းအပြစ်ပင်တည်း)
တိဿဘုရင်ကြီးကား ဘာသာခြားဖြစ်သွားလေပြီ။
သူဘာသာခြားဖြစ်သည်နှင့် ဟံသာဝတီ တစ်ပြည်လုံး ဗုဒ္ဓဘာသာကိုမကိုးကွယ်ရ။
ဗြဟ္မဏဘာသာကို ကူးပြောင်းကိုးကွယ်ရမည်။ ယနေ့မှစ၍ဗုဒ္ဓဆင်းတုတော်တွေ့ရသော မိသားစုကိုသေဒဏ်ချမှတ်မည်ဟူသော ဥပဒေကိုချမှတ်လိုက်သည်။
ထို့ကြောင့်သေဒဏ်ကိုကြောက်ကြရသော ဗုဒ္ဓဘာသာဝင်များမှာ ဆင်းတုတော်များကို စွန့်ပစ်ပြီး ဗြဟ္မဏဘာသာသို့ဝင်ကြရသည်။တိဿဘုရင်ကြီးမှစ၍ ဟံသာဝတီတပြည်လုံး ဗြဟ္မဏဘာသာဝင်များဖြစ်သွားကြသော်လည်း တလထော်အမည်ရှိမိန်းမပျိုလေးကား ဗြဟ္မဏဘာသာသို့မဝင်ခဲ့ပေ။
ငယ်ရွယ်သူတစ်ယောက်ဖြစ်သောကြောင့်
အများကသူ့ကို သတိမထားမိကြ။ တနေ့တွင်တော့ တလထော်နှင့်မိန်းမပျိုများ
မြစ်ထဲတွင်ရေချိုးနေစဉ် မြစ်ညာမှရွှေချထားသော ဗုဒ္ဓဆင်းတုတော်ရှစ်ဆူ
မျှောလာသည်ကိုတွေ့သည်နှင့် တလထော်သည်မရမကလိုက်ဆယ်တော့သည်။သူကိုယ်တိုင်ဆယ်ယူယုံမက သူ့သူငယ်ချင်းများကိုပါ လှမ်းပြောလိုက်သေး၏။
" သူငယ်ချင်းမတို့ ဗုဒ္ဓဆင်းတုတော်များကို ဝိုင်းကူဆယ်ပေး ကြပါ။"
" တလထော်မဆယ်ပါနဲ့ သေဘေးနဲ့နီးလှပါတယ်။ တိဿ ဘုရင်ကြီးကဗုဒ္ဓဆင်းတုတော်တွေကို ကိုးကွယ်ရင် သေဒဏ်ချမှတ်မယ်လို့အမိန့်တော်ပြန်ထားတယ်"။
"သူငယ်ချင်းမတို့ ရဲရဲဝံ့ဝံ့ဆယ်သာဆယ်ပေးကြပါ ။ ဗုဒ္ဓ ဆင်းတုတော်ကိုယုံကြည်ကိုးကွယ်လို့သတ်မယ်ဆိုရင် သတ်ပါစေ ဆယ်ခါပြန်သေရဲပါတယ်။၊သူငယ်ချင်းမတို့ကို ဘာအမှု့မှ မပတ်စေရပါဘူး"
တလထော်၏အာမခံမှု့ကြောင့်ဝိုင်းဆယ်ပေးကြရာ ဆင်း တုတော်ရှစ်ဆူလုံးပင့်ဆောင်ရရှိ၏။သေဘေးကိုကြောက်သဖြင့် ဗုဒ္ဓဘာသာဝင်အချို့မျှောလိုက်သောဆင်းတုတော်များပေတည်း တလထော်ကားဆင်းတုတော်များကို အားရဝမ်းသာပင့်လာပြီးလျှင် အမွှေးနံ့သာများပက်ဖြန်း၍ သူမ၏အခန်းခေါင်းရင်းတွင် ကျောင်းဆောင်ဆောက်ကာကိုးကွယ်ထားလိုက်၏။
မင်းနားတစ်ထောင်ဟူသောစကားအတိုင်း ထိုသတင်းကို တိဿဘုရင်ကြီးနားပေါက်ကြားသောအခါ အမျက်ဒေါသ ကြီးစွာထွက်၍ တလထော်အား မသေမချင်းဆင်နင်း၍သတ်ရန် အမိန့်ချမှတ်လိုက်လေ၏။နောက်လူများဗုဒ္ဓဘာသာကိုပြန်မကိုးကွယ်ရဲအောင် ရက်စက်ကြမ်းကြုတ်သောပြစ်ဒဏ်ကိုချမှတ်ခြင်းဖြစ်၏။
ဆိုင်ရာပုဂ္ဂိုလ်များက တလထော်ကို သွားရောက်ဖမ်းယူပြီး အာဏာသားများလက်သို့အပ်လိုက်လေ၏။
မြေပြင်ပေါ်တွင်ပက်လက်ကလေးဖြစ်နေသော တလထော်ကား ရတနာသုံးပါးမှတပါး အခြားဘာမှကိုးကွယ်စရာမရှိတော့သည့်အတွက်
လက်အုပ်ချီကာ သရဏဂုံ သုံးပါးကိုသာ ရွတ်ဆိုဆောက်တည်နေတော့၏ ။
အချိန်ကျသည်နှင့် အာဏာသားဆင်ကြမ်းကြီးသည် တလထော်ထံ
တစ်လှမ်းချင်းကပ်လာလေပြီ။
မင်းအာဏာကြောင့်လာကြည့်ကြသောပြည်သူပြည်သား များမှာကား တလထော်ကိုသနားလွန်းသဖြင့်မကြည့်ရက်ကြ။ တိဿဘုရင်နှင့်မှူးမတ်များကားကျေနပ်အားရသောမျက်လုံးများဖြင့်ကြည့်နေကြ၏။
တလထော်နားရောက်သည်နှင့် ဆင်ကြမ်းကြီးမှာကား ဘာမှမလုပ်နိုင်တော့ဘဲ အသံနက်ကြီးဖြင့်အော်ကာထွက်ပြေးတော့၏။ ပြည်သူပြည်သားများစိတ်ချမ်းသာသွားသလောက် တိဿဘုရင်ကြီးကား အလွန်ဒေါသထွက်သွား၏။
"မောင်မင်းတို့ဟာ လူကြောက်တတ်တဲ့ဆင်ကို ခေါ်လာကြ တယ်။ သွား နောက်ထပ် ဒီ့ထက်ဆိုးတဲ့ဆင်ကြမ်းကြီး တစ်ကောင်ခေါ်လာခဲ့"တိဿဘုရင်ကား တလထော်ဆောက်တည်သောသရဏဂုံကြောင့်ဆင်ကြီး ထွက်ပြေးရသည်ကိုမသိ။ ထို့ကြောင့်အထက်ပါအတိုင်းပြောဆိုနေခြင်းဖြစ်၏။ နောက်ထပ်ဆင်ကြမ်းကြီးတစ်ကောင်ဝင်လာပြန်၏။
သို့သော် သရဏဂုံဆောက်တည်နေသောတလထော်နားရောက်သည်နှင့်အသံနက်ကြီးဖြင့်အော်ကာထွက်ပြေးကြလေ၏။ သို့နှင့်တင်းကုပ်ထဲကဆင်သာကုန်သွားသည် တလထော်ကိုနင်းသတ်ရဲသောဆင်ကားမရှိ။တိဿဘုရင်ကြီးနှင့် မှူးမတ်များလည်းမတွေးရဲအောင်ဖြစ်သွား၏။
ဒီတော့မှူးမတ်တွေက တလထော်ကိုမသေသေအောင်သတ်ရန်
" အရှင်မင်းကြီး တလထော်ကိုဆင်းမနင်းရဲတာအမှန်ပါ။ ဆင်ဟာဘာကြောင့်မနင်းရဲတာလဲဆိုရင် တလထော်ကစုန်းမ တစ်ယောက်ဖြစ်နေလို့ပါအရှင်မင်းကြီး" လို့လျှောက်ကြ၏။
" ဒါဆိုရင်ဘယ်လိုသေအောင်သတ်ကြမလဲ"
" မှန်ပါ စုန်းမဆိုရင် အရှင်လတ်လတ် မီးရှို့သတ်ရကြောင်းပါ"
" ကဲ ဒါဆိုရင် စုန်းမဖြစ်တဲ့ တလထော်ကို မသေမချင်းမီးရှို့စေ"
မင်းကြီးရဲ့အမိန့်တော်အဆုံးမှာဘဲ အာဏာသားတွေက လောင်စာထင်းတွေကိုအပုံကြီးဖြစ်အောင်စီကြတယ်။ ထင်းခြောက်ပုံကြီးထဲမှာ လောင်လွယ်တဲ့လောင်စာတွေကိုလည်းအသင့်ထည့်ကြတယ်။
ပြီးလျှင်သရဏဂုံဆောက်တည်နေသောတလထော်ကို ထင်းပုံပေါ်တင်လိုက်ကြ၏။ ထင်းပုံကြီးအားမီးရှို့ကြလေပြီ။
တလထော်ကတော့ သရဏဂုံကိုသာတွင်တွင်ရွတ်ဖတ် သရဇ္ဈာယ်နေ၏။ သရဏဂုံအစွမ်းအံ့မခန်းပါတကား။ ထင်းပုံ ကြီးကားဘယ်လိုမှ မီးရှို့၍မရ နည်းမျိုးစုံဖြင့်ကြိုးစားရှို့သော်လည်း ထင်းပုံကြီးကားမီးလောင်ခြင်းမရှိ။
တိဿဘုရင်ကား စိတ်မရှည်တော့ နောက်ဆုံးအမိန့်တစ်ခုကိုထုတ်ပြန်လိုက်တယ်။
" ဒီလောက်အသက်ပြင်းတဲ့ တလထော်ကို အပြီးတိုင်မြေဖို့သတ်စေ"။
မြေကျင်းကြီးတူးပြီး တလထော်ကိုတွင်းထဲချလိုက်ကြတယ် မြေများဖို့ခံနီးဆဲဆဲမှာဘဲ တွင်းနှုတ်ခမ်းဝကိုတိဿ ဘုရင်ကြီးရောက်လာ၏။ ကျင်းထဲမှတလထော်ကိုသေချာလှမ်းကြည့်ရင်းထိတ်လန့်တုန်လှုပ်မှု့မရှိသောမျက်နှာကြောင့် တိဿဘုရင်ကြီးက
သူကြည်ညိုရာကိုးကွယ်တာကို ငါတို့ကမတရားသဖြင့်အနိုင်ကျင့်နေတာပါလား ရတနာသုံးပါးကိုထက်ထက်သန်သန် ကြည်ညိုလို့သာသတ်လို့မရတာထင်တယ်ဟုတွေးမိ သောကြောင့်သူ့နှုတ်မှမထင်မှတ်သောစကားလုံး ထွက်ကျသွား၏။
" တလထော် သင့်အိမ်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ရှစ်ဆူရှိတယ်လို့သိရတယ်
အဲ့ဒီဆင်းတုတော်တွေဟာ သက်တော်ထင်ရှား ဘုရားများကဲ့သို့ ကောင်းကင်ခရီးက
ဈာန်ယာဉ်စီးပြီး ဒီနန်းတော်ထဲကြွလာအောင် ပင့်ဆောင်ပေးနိုင်မယ်ဆိုရင် သင့်ကိုအသက်ဘေးကလွှတ်မည်။ ငါနှင့်အတူ ငါ့တိုင်းသူပြည်သားအားလုံး ဗုဒ္ဓဘာသာကိုပြန်ဝင်ကြမယ် "
ထင်မှတ်မထားသောစကားသံကို ကြားလိုက်ရသည်နှင့် တလထော်သည် မြေတွင်းထက်သို့တည်တည်ငြိမ်ငြိမ်မော့ကြည့်လိုက်၏။ တိဿဘုရင်နှင့် တလထော်တို့အကြည့်ချင်းဆုံချိန်တွင်
" အရှင်မင်းကြီး မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့စကား အတိုင်း အရှင်မင်းကြီးဆိုခဲ့တဲ့သစ္စာစကားမှာသာ မှန်ကန်စွာတည်ပါစေ ကျွန်တော်မျိုးမ ဗုဒ္ဓဆင်းတုတော်များကို ကြွရောက်လာအောင်ပင့်ဆောင်ပေးပါ့မယ်" ဟုလျှောက်ထား၏။
တိဿဘုရင်ကား ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး သူ့စကားကိုထပ်မံအတည်ပြုလိုက်၏။
ရေနစ်နေသူအဖို့ကောက်ရိုးတစ်မျှင်သည်ပင် ဆွဲကိုင်ရာဖြစ်သကဲသို့ အသက်ရှင်ဖို့ရာလမ်းမမြင်တော့သောသူမအတွက် ယခုပေးလိုက်သောအခွင့်အရေးသည်သာ ဆွဲကိုင်အားကိုးရာ ဖြစ်နေ၏။
တလထော်ကား လက်အုပ်ချီကာ သစ္စာပြုလေပြီးးးး
ဗုဒ္ဓဂုဏော အနန္တော
ဓမ္မဂုဏော အနန္တော
သံဃဂုဏော အနန္တော
ဘုရား တရား သံဃာ ရတနာသုံးပါး၏ ဂုဏ်တော်၊ ကျေးဇူးတော်၊ ကျေးဇူးတော်၊
တန်ခိုးတော်တို့သည် မရေတွက်၊ မနှိုင်းယှဉ်နိုင်အောင်
များပြားကြီးကျယ်လှပါသည်။ ဟံသာဝတီတစ်ပြည်လုံး ရတနာသုံးပါးကိုစွန့်သော်လည်း တပည့်တော်မကမစွန့်ဘဲ အသက်နဲ့လဲပြီးကိုးကွယ် ဆည်းကပ်ခဲ့ပါသည်။ ဤသစ္စာစကားသည် မှန်ကန်ပါ၏။
ဤမှန်ကန်သောသစ္စာစကား၏ အာနုဘော်ကြောင့် တပည့်တော်မအိမ်တွင် ကိုးကွယ်ထားသော ဗုဒ္ဓဆင်းတုတော်ရှစ်ဆူတို့သည် ကောင်းကင်ခရီးမှ ဈာဉ်ယာဉ်စီးပြီး ကြွလာပါစေသား အရှင်ဘုရား "
တလထော်၏ သစ္စာစကားအဆုံးမှာပင် ဗုဒ္ဓဆင်းတုတော်ရှစ်ဆူတော့သည် သက်တော်ထင်ရှား ဘုရားများကဲ့သို့ ကောင်းကင်ခရီးကဈာန်ယာဉ်စီးပြီး ကြွလာလေတော့သည်။
နေရောင်တွင်ဆင်းတုတော်တို့၏
ရွှေရောင်များဟပ်လျှက် တဝင်းဝင်း ကြွလာသောဆင်းတုတော်များကို ဖူးမျှော်ရင်း
တိဿဘုရင်ကြီး၏ မျက်ဝန်းအိမ်မှ နောင်တမျက်ရည်တို့ စီးကျနေသလို
ကျင်းထဲမှတလထော်၏ မျက်လုံအိမ်မှလည်း
ငါ၏ သစ္စာတန်ခိုးကြောင့် တစ်ပြည်လုံးဗုဒ္ဓဘာသာပြန်ဖြစ်ရတော့မည်ဟူသော ပီတိမျက်ရည်တို့ကလည်းတလိမ့်ခြင်း စီးကျလာလေ၏။
ဗုဒ္ဓဆင်းတုတော်များမှာအသင့်ပြင်ထားသော ပလ္လင်ထက်တွင် ကိန်းဝပ်စံပယ် အပူဇော်ခံနေချိန် တိဿဘုရင်နှင့် တလထော် ဦးဆောင်၍ ပြည်သူပြည်သားများစုံညီသည်နှင့် တလထော်ကရှေ့မှဦးဆောင်ပြီး သေသည်အထိမပျက်တမ်းတည်မည့် ရာသက်ပန်သရဏဂုံကို ဆောက်တည်ကြ၏။
ဇီဝိတ ပရိယန္တိတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တိတံ ဓမ္မံသရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တိတံ သံဃံသရဏံ ဂစ္ဆာမိ
အသက်ဆုံးသည့်တိုင်အောင် ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
အသက်ဆုံးသည့်တိုင်အောင် တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
အသက်ဆုံးသည့်တိုင်အောင် သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
ဟံသာဝတီတပြည်လုံး တလထော်၏ ကျေးဇူးကြောင့်
ဗုဒ္ဓဘာသာပြန်ဖြစ်ရလေပြီ။ တိဿမင်းကြီးသည်လည်းသူ၏ အပြစ်ကို တလတော်ထံ
ကျေနပ်လောက်သည်အထိဝန်ချတောင်းပန်၏။ ဗုဒ္ဓဝါဒကိုမယူလိုသောအမတ်များကိုလည်း တိုင်းပြည်မှ နှင်ထုတ်လိုက်ကြ၏။
ဒါကတော့ ကျွန်မ မေတ္တာရှင် ရွှေပြည်သာရေးသားသော လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်စာအုပ်မှထုတ်နှုတ်ဖော်ပြပါသည်။
ကျွန်မဒီဝတ္ထုလေးကိုတင်ပြရခြင်းအကြောင်းရင်းကတော့ ဒီဝတ္ထုလေးကိုသာဓကဆောင်စေချင်တာပါ ခုဆို ကျွန်မတို့ ဗုဒ္ဓဘာသာနိုင်ငံဟာ ၅နိုင်ငံဘဲရှိပါတော့တယ်။တချိန်က
ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊
တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတောင်ပိုင်း ဒီနိုင်ငံတွေဟာ
ဘာသာခြားတွေဝင်ရောက် လူမျိုးရေးဝါးမြိုလို့ ဒီကနေ့အချိန်မှာ
ဗုဒ္ဓသာသနာတွေလည်းမရှိကြတော့ပါဘူး။ အင်ဒိုနီးရှားမှာဆို ၁၉၆၅ ၁၉၆၆ ၁၉၆၇ ခုနှစ်မှာ မူစလင်သမ္မတဖြစ်တော့ အပြစ်မဲ့တဲ့ဗုဒ္ဓဘာသာဝင် ရှစ်သန်းထက်မနည်းအသတ်ခံခဲ့ရပါတယ်။ ဒီတော့ ကျွန်မတို့မှာ သာဓကတွေများလှပါတယ်။ ဘာမှမဖြစ်လောက်ပါဘူးပေါ့ပေါ့တန်တန်တွေးတတ်ကြတဲ့ကျွန်မတို့ ဗုဒ္ဓဘာသာတွေရဲ့ဘယ်သူမပြုမိမိမှု့ပါဘဲ။ ဒီတော့ ကျွန်မစဉ်းစားသလို စဉ်းစားကြည့်ပါတော့စာဖတ်သူ
တလထော်လို အသက်ဘေးကြုံလာမှ အာရုံပြုမလား
ဒါမှ_ တိုင်းပြည်အုပ်ချုပ်မယ့်လူနားမှာရှိနေတဲ့ ဘာသာခြား
တွေကိုရှင်းထုတ်မလား
ဒါမှ_ ဗုဒ္ဓဘာသာဘုရင်မှန်ပါသော်လည်း ဘာသာခြားစကားကို
နားထောင်တတ်မယ့် ဘုရင်ကိုအစောကြီးထဲကမခန့်ဘဲထား
မလား
ကျွန်မအမြင်နဲ့ကျွန်မဆုံးဖြတ်ချက်ကတော့ တိုင်းပြည်တပြည်နိုင်ငံတစ်နိုင်ငံတိုးတက်ရေးသည်နိုင်ငံသားအားလုံးနှင့်သာ သက်ဆိုင်ပါသည်။ အပေါ်ယံအနှစ်သာရလောက်သာဖြစ်တဲ့တိုင်းပြည်စီးပွားရေးတစ်ခုထဲကိုဘဲ ကြည့်၍ ပြင်၍ မရသောအမှားများရွေးချယ်မိကြလေမလားဟု စိတ်ပူစွာဖြင့် ကျွန်မဒီစာလေးကိုရေးခဲ့မိပါသည်။ လွတ်လပ်ရေးဆုံးရှုံးတာပြန်တိုက်ယူလို့ရပေမယ့်ဘာသာရေးဆုံးရှုံးသွားရင်တော့ပြန်တိုက်ယူ၍ မရတော့ပါးး
ထိုင်နေရင်ကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုတာ
သတိမမူ ဂူမမြင်တွေပြောသောစဉ်းစားဆင်ခြင်ဉာဏ်နည်းသောလူ များသာဖြစ်ပါတယ်းးးးးးးးးးး
သတိမူရင်မြူတောင် မြင်နိုင်သလို၊ ပညာရှိတွေဖြစ်ကြသော သံဃာတော်ရှင်သူမြတ်တွေးကြည့်သော အတွေးများသည် ပြေးကြည့်တာထက်ပင်မှန်လှပါပေသည်။
စာဖတ်သူများအနေဖြင့် မှန်ကန်သောအသိ မှန်ကန်သောသတိဖြင့် အကျိုးအကြောင်း
အဆိုးအကောင်းနှင့် အမှားနှင့်အမှန် ကိုဝေဖန်ပိုင်းခြားသုံးသပ်နိုင်ကြပါစေ။။
ဘယ်သူတက်တက် ၊ ပြည်မပျက်
ပျက်မည့်သူသာ ရှောင်ကြပါ
မှတ်ပါ အခါခါ၊
အသိ၊ သတိ အမြဲရှိ
အဖြေမှန်ကားရှိပါ၏။
No comments:
Post a Comment