*ပဋိသန္ဓေ*
စုတိစိတ်ချုပ်သည်နှင့်တပြို
ပဋိသန္ဓေစိတ်ချုပ်ပြီးနောက် ထိုပဋိသန္ဓေစိတ်သည်ပင် ဘဝင်အမည်ဖြင့် (၁၆)ကြိမ်ဖြစ်၏။ ပဝတ္တိအခါ၌လည်း ထိုပဋိသန္ဓေစိတ်သည်ပင် ဘဝင်အမည်ဖြင့် ဆက်၍ဖြစ်ရာ ဘဝအဆက်မပြတ်အောင် ပြုတတ်သောကြောင့် ဘဝင်(ဘဝ+အင်္ဂ)ဟု ခေါ်သည်။
မရဏာသန္နေဇောယူခဲ့သည့် ကံ,ကမ္မနိမိတ်,ဂတိနိမိတ် အာရုံတစ်ပါးပါးကိုပင် ပဋိသန္ဓေစိတ်က ဆက်လက်အာရုံပြုသည်။ သတ္တဝါတို့အတွက် ပဋိသန္ဓေစိတ်သည် အလိုအလျောက် ပေါ်ပေါက်လာသည်မဟုတ်၊ ဖန်ဆင်းရှင်များ၏ ဖန်ဆင်းမှုကြောင့်လဲမဟုတ်၊ ရှေးက မိမိပြုခဲ့သော ကုသိုလ်ကံ, အကုသိုလ်ကံဟူသော သင်္ခါရကြောင့် ဖြစ်လာသော အကျိုးဝိပါက်ဖြစ်သည်။ သတ္တဝါတို့သည် အဝိဇ္ဇာခြံရံပြီး တဏှာအရင်းခံလျက် ကုသိုလ်,အကုသိုလ်ကံတို့ကို ပြုလုပ်ကြသည်။
ထို့ကြောင့်ဘဝသစ် (ပဋိသန္ဓေစိတ်)ဖြစ်ပေါ်လာရာ၌ အဝိဇ္ဇာ တဏှာနှင့် ကုသိုလ် အကုသိုလ်သင်္ခါရတို့သည် အကြောင်းရင်းများ ဖြစ်ကြ၏။ ကံ,ကမ္မနိမိတ်,ဂတိနိမိတ် အာရုံတစ်ပါးပါး ထင်လာသောအခါ အဝိဇ္ဇာက ထိုအာရုံ၏အပြစ်ကို မမြင်အောင်ဖုံးကွယ်ပေး၏။ တဏှာက ထိုအာရုံကို မိမိကိုယ်တိုင်နှစ်သက် လက်ခံပြီးလျင် ပဋိသန္ဓေစိတ် အာရုံပြုရန်လည်း ညွှတ်ကိုင်းပေးသဖြင့် ဘဝသစ်တစ်ခုဖြစ်ပေါ်လာသည်။
သတ္တဝါတို့သည် သံသရာတလျောက် စုတိစိတ်,ပဋိသန္ဓေစိတ်တို့ အဆက်မပြတ်ဖြစ်နေသည်။ အာရုံအမျိုးမျိုးတို့တွေ့ကြ
ဖြစ်ပေါ်လာရာ၌ ဘဝဟောင်းက ရုပ်နာမ်တရားများ ဘဝသစ်သို့ ပြောင်းရွှေ့လာသည်မဟုတ်၊ ဘဝသစ်၌ ရုပ်နာမ်အသစ် ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ သို့သော် ထိုရုပ်နာမ်သစ်များသည် ဘဝဟောင်းက ကံအကြောင်းများနှင့် မကင်းကြပေ။ ဘဝဟောင်းက အဝိဇ္ဇာ တဏှာအကြောင်းများကြောင့် ဖြစ်ပေါ်လာရသည်။ ပဲ့တင်သံ၊ ဆီမီးထွန်းမှု၊ တံဆိပ်တုံးရိုက်မှု စသည်တို့နှင့်တူသည်။ တောတောင် အနီးအပါးတွင် အော်ဟစ်လိုက်ပါက ပဲ့တင်သံပြန်လာသည်။ ထိုပဲ့တင်သံသည် မူလအော်ဟစ်သော အသံမဟုတ်ပေ။ ထို့အတူပင် ဆီးမီးထွန်းညှိရာ၌လည်း ပထမဆီမီးတိုင်မှ ဒုတိယ တတိယစသည့် မီးတောက်မီးလျှံတို့သည် ပထမဆီမီးတိုင်၏ မီးတောက်မီးလျှံတို့ မဟုတ်ပေ။ ပထမမီးတောက်မီးလျှံလျော့မသွ
ထို့အတူပင် တံဆိပ်တုံးများ၊ ဘလောက်တုံးများကို ထုရိုက်လိုက်ပါက တံဆိပ်များ၊ စာများသည် စာရွက်ပေါ်တွင် ထင်လာသည်။ စာရွက်ပေါ်ထင်လာသော ထိုစာများ၊ တံဆိပ်များသည် မူလတံဆိပ်တုံး ဘလောက်တုံးရှိ စာများမဟုတ်ပေ။ သို့သော်လည်း ထိုတံဆိပ်တုံးရှိ စာများ၊ တံဆိပ်များနှင့် ကင်းကွာ၍လည်း စာရွက်ပေါ်တွင် ထင်မလာနိုင်ပေ။
ထိုနည်းတူပင် ဘဝဟောင်းက ရုပ်နာမ်တစုံတရာမျှ ဤဘဝသို့ လိုက်လာသည် မဟုတ်ပေ။ သို့သော်လည်း ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ ကံအကြောင်းတရားတို့နှင့် ကင်းကွာ၍လည်း ဤဘဝ ဤခန္ဓာများ ဖြစ်မလာနိုင်ပေ။ ဤသို့လျှင် ဘဝဟောင်း ဘဝသစ် စုတိ ပဋိသန္ဓေတို့သည် အဝိဇ္ဇာ တဏှာ သင်္ခါရကံတရားတို့၏ အစွမ်းသတ္တိထူးဖြင့် သံသရာဆုံးသည့်တိုင် ဖြစ်ပျက်လျက် နေကြလေသည်။
ပဋိသန္ဓေ(သတ္တဝါဖြစ်ပေါ်လာပုံ)
ပဋိသန္ဓေသည် သံသေဒဇ, အဏ္ဍဇ, ဇလာဗုဇ, ဩပပါတိက ဟူ၍ သတ္တဝါအလိုက် ကွဲပြားသည်။ စိုစွတ်သောနေရာ၊ ရေစပ် အညှီအဟောက် နေရာများ၌ စတင်ဖြစ်ပေါ်သော သတ္တဝါများ၏ ပဋိသန္ဓေသည် သံသေဒဇဖြစ်၏၊ ပိုးမွှားကောင်များ၊ ပဒုမဝတီမိဖုရားစသော အချို့သောလူးသားများ ဖြစ်ကြသည်၊၊
ဥဖြင့် သန္ဓေတည် မွေးဖွားသော သတ္တဝါသည် ကဏ္ဍဇ ဖြစ်၏၊၊ ငှက်များ၊ ငါးများစသည်တို့ ဖြစ်ကြသည်။ သားအိမ်၌ သန္ဓေတည် မွေးဖွားသော သတ္တဝါသည် ဇလာဗုဇမည်၏၊၊ လူ,ခွေး,နွား စသည်တို့ ဖြစ်ကြသည်၊၊ ဘဝဟောင်းမှ စုတေ၍ ဘဝသစ်တွင် အရွယ်ရောက်ပြီးသော ကိုယ်ခန္ဓာဖြင့် ရုတ်တရက်ဖြစ်ပေါ်လာသော သတ္တဝါသည် ဩပပါတိက(ဥပပတ်ပဋိသန္ဓေ)ဖြစ်၏
(ကံနှင့်ကံ၏ အကျိုးတရားများ အားလုံးကို ဖတ်သိရှိ၍ သံသရာခရီးအတွက် ဒိဋ္ဌိဇုကမ္မခေါ် အယူဖြောင့်မှန်မှုသည် အရေးကြီးလှပေသည်။ အယူဖြောင့်မှန်သူသည် ကံတရား၏ အကျိုးပေးမှုကို သိမြင်နားလည်လာသဖြင့် မိမိအတွက် သံသရာတလျှောက် ကောင်းကျိုးဝေဖြာ ဘဝသမ္ပတ္တိပြည့်စုံလာရေးအတွက်
မြတ်စွာဘုရားဟောကြားတော်မူေ
``ကံရင်းမူလ ဝီရိယနှင့် ဉာဏထောက်ကူ ရှိသည့်သူမှ လူတွင်လူမွန် လွှားတံခွန်သို့ လူချွန်တစ်ယောက် တစ်ခေါ်လောက်အောင် ခါရောက်ချိန်ဆုံး တုမဲ့နှုန်း၍ ရွှေဘုန်း မော်ရမည်ကိုသော်'' သူ အားပေးတော်မူခဲ့လေသည်။
No comments:
Post a Comment