လူမိုက်တို့ကို အခြေအနေအရ ပေါင်းသင့် မပေါင်းသင့်
မြတ်စွာဘုရား၏ မင်္ဂလာတရားတော်၏ အဓိပ္ပါယ်ကိုကျယ်ကျယ်ပြန့်ပြ န့် မသုံးသပ်မိသဖြင့် ဘုရားသခင်အပေါ်တစ်မျိုးမြင်ေ သာ ''မင်္ဂလာသားအဖ'' ပုံပြင်လေးတစ်ခုရှိပါတယ်၊၊
ရှေးအခါက တောရွာတစ်ရွာ၌ မင်္ဂလာတရားတော်ကို အလွန်လေးစားလိုက်နာသည့် ဦးကြီးတစ်ယောက် ရှိပါတယ် ယင်းဦးကြီး၌ သားတစ်ယောက်ရှိ၏၊၊ ထိုသားသည် မိဘစကားကို နားထောင့်လေ့မရှိ၊ နေ့ရှိသရွေ့ သူငယ်ချင်းအပေါင်းအဖော်များ နှင့် ဆိုးသွမ်းပေတေနေ၏၊၊
တစ်နေ့တော့ ဦးကြီးက ''ဘုရားက အသေဝနာစ ဗာလာနံ'' လူမိုက်ကို
မပေါင်းသင်းရလို့ ဟောထားတယ်၊၊ ခု သားကလည်း လူမိုက်ဖြစ်နေတယ်၊၊
သားသမီးဖြစ်ပေမယ့် မင်္ဂလာတရားတော်အရဆိုရင် မပေါင်းထိုက်ဘူးလို့ စဉ်းစားပြီး
သားကို အိမ်ပေါ်က နှင်ချလိုက်၏၊၊ သားဖြစ်သူမှာ မိဘအိမ်နေခွင့်မရ၍
ဘထွေးအိမ်သို့သွား၏၊၊ ထိုအခါ ဘထွေးကသူ့ကို ''ငါ့တူ မင်းဘာဖြစ်လို့
အိမ်ကဆင်းလာခဲ့ရတာလဲ၊ တို့အစ်ကိုကြီးဟာ ပညာရှိ သူတော်ကောင်းကြီးပဲ၊
အစ်ကိုကြီးကို ပညာရှိသူတော်ကောင်းကြီးရယ်လို့
တစ်ရွာလုံးက ရိုသေလေးစားကြတာ မင်းသိတယ် မဟုတ်လား၊ ဒီတော့ မင်း
အိမ်ပြန်သွား မင်းအဖေက ဘာလို့ပြန်လာသလဲလို့ မေးရင် ''ဘုရားက
မင်္ဂလသုတ်တော်မှာ ပဏ္ဍိတာနဉ္စ သေဝနာ....ပညာရှိကို မှီဝဲဆည်းကပ်ရမယ်လို့
ဟောထားပါတယ်၊၊ အဖေက ပညာရှိဆိုတော့ ပညာရှိအဖေကို မှီဝဲဆည်းကပ်ရအောင်
ကျွန်တော် အိမ်ပြန်လာတာပါ'' လို့ ပြောဟု သင်ကြားပြီး
အိမ်သို့ပြန်လွှတ်လိုက်တယ် အိမ်ပြန်ရောက်တဲ့အခါ သူ့ဖခင်ကြီးအမေးကို
သူ့ဘထွေးအကြံပေးချက်အတိုင်း ဖြေဆိုလေတော့ ဖခင်ကြီးက အေး....ဘုရားက တို့သားအဖကို မင်္ဂလာတရားနဲ့ ရန်တိုက်ပေးခဲ့တယ်၊ ပြန်သာနေပါတော့ကွာ'' တဲ့လေ...
ဤမင်္ဂလာတရားတော်၌ '' အသေဝနာ'' ဟူသော ပါဠိပုဒ်၏ အဓိပ္ပါယ်ကို မြတ်စွာဘုရား၏ အလိုတော်ကျအတိုင်း သိရှိ နားလည်ထားရန် လိုပါသည်၊၊
''အသေဝနာပုဒ်ကို ဗုဒ္ဓတညု အဋ္ဌကထာဆရာက ''မမှီဝဲရခြင်း၊ မဆည်းကပ်ရခြင်း၊ မိတ်ဆွေသူငယ်ချင်းအဖြစ် မပေါင်းသင်းရခြင်း'' ဟု ဖွင့်ဆိုထား၏၊၊ ဤ၌ မှီဝဲခြင်း၊ ဆည်းကပ်ခြင်းဆိုသည်မှာ လူမိုက်၏ အဆုံးအမကို ခံလို၍ (သို့) နည်းနာနယကို အတုခိုးလို၍ လူမိုက်ကိုဆရာအဖြစ် မှီဝဲဆည်းကပ်ခြင်းဟု အဓိပ္ပါယ်ရပေသည်၊၊ ထိုအတူ လူမိုက်နှင့်မိတ်ဆွေသူငယ်ချ င်းအဖြစ် ပေါင်းသင်းခြင်းသည်လည်း သူငယ်ချင်းလူမိုက်၏ နည်းနာနယများကို အတုယူလို၍ အကြိမ်များစွာ ပေါင်းသင်းဆက်ဆံခြင်းမျိုးသ ည်သာ ''သေဝနာ''ဖြစ်သည်၊၊
လူမိုက်အယူကိုယူလို၍ မဟုတ်ဘဲ အခြေအနေအရ သာမန်ပေါင်းသင်းဆက်ဆံမှုမျိုးကိုကား ''သေဝနာ''ဟု မခေါ်ရချေ၊၊ သို့သော် သာမန်ပေါင်းသင်းဆက်ဆံရေးမှ ''တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး''ဆိုသကဲ့ သို့ သူငယ်ချင်းလူမိုက်၏ မိုက်မဲသောအမှုအကျင့်များကို အတုယူလာခဲ့ပါလျင်မှု ထိုပေါင်းသင်းခြင်းမျိုးသည် လည်း သေဝနာခေါ်သော ပေါင်းသင်းခြင်းမျိုးပင်ဖြစ်၏၊၊
ယင်းအဓိပ္ပါယ်များကိုရည်၍ ညောင်တုန်းမြို့ ရွှေဟင်္သာတောရစံကျောင်း
ဆရာတော်ဘုရားကြီးက မင်္ဂလာအဖွင့် အကျယ်လက်စွဲကျမ်း စာမျက်နှာ ၁၅တွင်-
''မမှီဝဲရ၊ မဆည်းးကပ်ရ။ မှီဝဲရ၊ ဆည်းကပ်ရမည် ဟူရာ၌ ခေတ္တခဏမျှ တွေ့ဆုံခြင်းကို မှီဝဲသည် ဆည်းးကပ်သည်ဟု မဆိုရချေ၊၊ မိမိက ထိုသူတို့ကို မလို၍သော်လည်းကောင်း၊ နည်းပေးလို၍လည်းကောင်း ထိုသူနှင့် ရောနှော၍ ဆက်ဆံခြင်းကို မှီဝဲသည်၊ ဆည်းကပ်သည်ဟု မဆိုထိုက်ချေ၊၊ ကုန်ရောင်း ကုန်ဝယ်မှုစသော တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စအတွက် တွေ့ဆုံသည်ကိုလည်း မှီဝဲဆည်းကပ်သည်ဟူ၍ မဆိုရချေ၊၊ ထိုသူ၏ အဆုံးအမကို ခံယူလို၍ဖြစ်စေ ထိုသူ၏ နည်းနာနယကို အတုခိုးလို၍ဖြစ်စေ၊ ထိုသူနှင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်လို၍ဖြစ်စေ ထိုသူနှင့်တိုင်ပင်ဖော် တိုင်ပင်ဖက်အနေဖြင့်ဖြစ်စေ၊
ထိုသူနှင့်အတူတကွ အကြိမ်များစွာ ခဏခဏ ပေါင်းသင်းဆက်ဆံခြင်း၊
ဆည်းကပ်ခစားခြင်းကို မှီဝဲသည် ဆည်းကပ်သည်ဟု ဆိုရ၏၊၊ ထိုစကားကို
ပါဠိဘာသာအားဖြင့် ''သေဝနာ''ဟူ၍ ခေါ်ဆိုအပ်၏ '' ဟူ၍ ဗုဒ္ဓအလိုတော်ကျအတိုင်း
ရှင်းလင်းတင်ပြထားပေသည်၊၊
ဤဆိုခဲ့ပြီးသော နည်းအားဖြင့် မမှီဝဲမဆည်းကပ် မပေါင်းသင်း မဆက်ဆံခြင်းမျိုးကိုသာ ပါဠိလို ''အသေဝနာ''ဟု ခေါ်ပါသည်၊၊ သို့ဖြစ်၍ ''အသေ ဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်၌ ''လူမိုက်တို့ကို (ဆိုခဲ့ပြီးသော နည်းမျိုးဖြင့်) အခါခပ်သိမ်း မမှီဝဲ မဆည်းကပ်ရ၊ မပေါင်းသင်းရ''ဟု ဘုရားရှင် ဟောတော်မှုလိုရင်း ဖြစ်ပါသည်၊၊
ဤသို့ဖြင့် လူမိုက်တို့ကို အခြေအနေအရ ပေါင်းသင်းဆက်ဆံရမှုမျိုး၊ ဆုံးမပြုပြင်လိုသဖြင့် ပေါင်းသင်းဆက်ဆံမှုမျိုးတို့ ကို
''အသေဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်က ခွင့်လွှတ်ထားပြီး ဖြစ်ပေရာ
ဤမင်္ဂလာတရားတော်သည် လူမိုက်ကို လူ့အဖွဲ့အစည်းမှ ကြဉ်ထုတ်ထားသည့် ဒေသနာတော်
မဟုတ်ကြောင်း ကောင်စွာနားလည် သဘောပေါက်သင့်ပေသည်၊၊
ယင်းသို့အခြေအနေအရ ပေါင်းသင်းဆက်ဆံမှုမျိုးကို ဤမင်္ဂလာတရားတော်က ခွင့်လွှတ်ထားသော်လည်း လူမိုက်ကိုပေါင်းသင်းရာ၌ မြွေဆိုးကို ခါးပိုက်တွင် ထည့်သူကဲ့သို့ သတိနှင့်ပညာကို ထာဝစဉ်လက်စွဲပြု ထားရပေမည်၊၊
အမှန်အားဖြင့် ဤ ''အသေဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်သည် ''အသီးတစ်ရာ အညှာတစ်ခု'' ဆိုသကဲ့သို့ အညှာနှင့်တူသော ပဓာနအကျဆုံးသော မင်္ဂလာတရား ဖြစ်သည်၊၊ ဤမင်္ဂလာပျက်ခဲ့လျင် အခြား၃၇ဖြာသော မင်္ဂလာတရားများဖြစ်ရန် အခွင့်အလမ်းလည်း လုံးဝပိတ်သွားတော့သည်၊၊ ထို့ကြောင့် ဤမင်္ဂလာကို ထိပ်ဆုံးကတင်၍ ဘုရားရှင်ဟောတော်မှုခဲ့ခြင်း ဖြစ်သည်ကိုလည်း နားလည်သင့်ပေသည်၊၊
ထို့ကြောင့် ထိုသုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်များသည်လည်း
ဗုဒ္ဓ မြတ်စွာ၏ ဒေသနာတော်များပင်ဖြစ်၍ ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ရန်မရှိသော
သြဝါဒကထာများ ဖြစ်၏၊၊ ထို့ပြင် မင်္ဂလာတရားတော်များသည် ''ဧတာဒိသာ နိကတွာန၊
သဗ္ဗတ္ထ မပ္ပရာဇိတာ၊၊ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ'' ဟူသော မင်္ဂလသုတ် နိဂုံးနှင့်အညီ
လောကီချမ်းသာ၊ လောကုတ္တရာ ရေးရာပိုင်း၌ဖြစ်စေ ဧကန်လိုက်နာရမည့်
သြဝါဒဒေသနာတော်များ ဖြစ်ပေသည်၊၊
(ဓမ္မာစရိယ ဦးအေးနိုင် (ဓမ္မရေးရာ ပဒေသာ) စာအုပ်မှ ကိုးကားသည်၊၊)
မြတ်စွာဘုရား၏ မင်္ဂလာတရားတော်၏ အဓိပ္ပါယ်ကိုကျယ်ကျယ်ပြန့်ပြ
ရှေးအခါက တောရွာတစ်ရွာ၌ မင်္ဂလာတရားတော်ကို အလွန်လေးစားလိုက်နာသည့် ဦးကြီးတစ်ယောက် ရှိပါတယ် ယင်းဦးကြီး၌ သားတစ်ယောက်ရှိ၏၊၊ ထိုသားသည် မိဘစကားကို နားထောင့်လေ့မရှိ၊ နေ့ရှိသရွေ့ သူငယ်ချင်းအပေါင်းအဖော်များ
ဤမင်္ဂလာတရားတော်၌ '' အသေဝနာ'' ဟူသော ပါဠိပုဒ်၏ အဓိပ္ပါယ်ကို မြတ်စွာဘုရား၏ အလိုတော်ကျအတိုင်း သိရှိ နားလည်ထားရန် လိုပါသည်၊၊
''အသေဝနာပုဒ်ကို ဗုဒ္ဓတညု အဋ္ဌကထာဆရာက ''မမှီဝဲရခြင်း၊ မဆည်းကပ်ရခြင်း၊ မိတ်ဆွေသူငယ်ချင်းအဖြစ် မပေါင်းသင်းရခြင်း'' ဟု ဖွင့်ဆိုထား၏၊၊ ဤ၌ မှီဝဲခြင်း၊ ဆည်းကပ်ခြင်းဆိုသည်မှာ လူမိုက်၏ အဆုံးအမကို ခံလို၍ (သို့) နည်းနာနယကို အတုခိုးလို၍ လူမိုက်ကိုဆရာအဖြစ် မှီဝဲဆည်းကပ်ခြင်းဟု အဓိပ္ပါယ်ရပေသည်၊၊ ထိုအတူ လူမိုက်နှင့်မိတ်ဆွေသူငယ်ချ
လူမိုက်အယူကိုယူလို၍ မဟုတ်ဘဲ အခြေအနေအရ သာမန်ပေါင်းသင်းဆက်ဆံမှုမျို
''မမှီဝဲရ၊ မဆည်းးကပ်ရ။ မှီဝဲရ၊ ဆည်းကပ်ရမည် ဟူရာ၌ ခေတ္တခဏမျှ တွေ့ဆုံခြင်းကို မှီဝဲသည် ဆည်းးကပ်သည်ဟု မဆိုရချေ၊၊ မိမိက ထိုသူတို့ကို မလို၍သော်လည်းကောင်း၊ နည်းပေးလို၍လည်းကောင်း ထိုသူနှင့် ရောနှော၍ ဆက်ဆံခြင်းကို မှီဝဲသည်၊ ဆည်းကပ်သည်ဟု မဆိုထိုက်ချေ၊၊ ကုန်ရောင်း ကုန်ဝယ်မှုစသော တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စအတွက် တွေ့ဆုံသည်ကိုလည်း မှီဝဲဆည်းကပ်သည်ဟူ၍ မဆိုရချေ၊၊ ထိုသူ၏ အဆုံးအမကို ခံယူလို၍ဖြစ်စေ ထိုသူ၏ နည်းနာနယကို အတုခိုးလို၍ဖြစ်စေ၊ ထိုသူနှင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်လို၍ဖြစ်စေ ထိုသူနှင့်တိုင်ပင်ဖော် တိုင်ပင်ဖက်အနေဖြင့်ဖြစ်စေ၊
ဤဆိုခဲ့ပြီးသော နည်းအားဖြင့် မမှီဝဲမဆည်းကပ် မပေါင်းသင်း မဆက်ဆံခြင်းမျိုးကိုသာ ပါဠိလို ''အသေဝနာ''ဟု ခေါ်ပါသည်၊၊ သို့ဖြစ်၍ ''အသေ ဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်၌ ''လူမိုက်တို့ကို (ဆိုခဲ့ပြီးသော နည်းမျိုးဖြင့်) အခါခပ်သိမ်း မမှီဝဲ မဆည်းကပ်ရ၊ မပေါင်းသင်းရ''ဟု ဘုရားရှင် ဟောတော်မှုလိုရင်း ဖြစ်ပါသည်၊၊
ဤသို့ဖြင့် လူမိုက်တို့ကို အခြေအနေအရ ပေါင်းသင်းဆက်ဆံရမှုမျိုး၊ ဆုံးမပြုပြင်လိုသဖြင့် ပေါင်းသင်းဆက်ဆံမှုမျိုးတို့
ယင်းသို့အခြေအနေအရ ပေါင်းသင်းဆက်ဆံမှုမျိုးကို ဤမင်္ဂလာတရားတော်က ခွင့်လွှတ်ထားသော်လည်း လူမိုက်ကိုပေါင်းသင်းရာ၌ မြွေဆိုးကို ခါးပိုက်တွင် ထည့်သူကဲ့သို့ သတိနှင့်ပညာကို ထာဝစဉ်လက်စွဲပြု ထားရပေမည်၊၊
အမှန်အားဖြင့် ဤ ''အသေဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်သည် ''အသီးတစ်ရာ အညှာတစ်ခု'' ဆိုသကဲ့သို့ အညှာနှင့်တူသော ပဓာနအကျဆုံးသော မင်္ဂလာတရား ဖြစ်သည်၊၊ ဤမင်္ဂလာပျက်ခဲ့လျင် အခြား၃၇ဖြာသော မင်္ဂလာတရားများဖြစ်ရန် အခွင့်အလမ်းလည်း လုံးဝပိတ်သွားတော့သည်၊၊ ထို့ကြောင့် ဤမင်္ဂလာကို ထိပ်ဆုံးကတင်၍ ဘုရားရှင်ဟောတော်မှုခဲ့ခြင်း
ထို့ကြောင့် ထိုသုံးဆယ့်ရှစ်ဖြာမင်္ဂလာတရာ
(ဓမ္မာစရိယ ဦးအေးနိုင် (ဓမ္မရေးရာ ပဒေသာ) စာအုပ်မှ ကိုးကားသည်၊၊)
No comments:
Post a Comment