*အားကြီး၍ ကြာရှည်ခံသော ကမ္မသတိ (နာနာက္ခဏိက ကံ)*
ကံ၏ သဘောကား သိမ်မွေ့၏၊ အင်အားသတ္တိလည်း ကြီးမားလှသည်၊၊ မည်သည့် သက်ရှိသတ္တဝါမဆို ကြံစည် ၊ ပြောဆို၊ ပြုလုပ်သမျှ ကြံပြီး၊ ပြောပြီး၊ လုပ်ပြီးလျှင် ပျောက်ပျက်သွားပြီဟု ထင်ရ၏၊၊ ထို့သို့ကားမဟုတ် ကြံစည်မှု၊ ပြောမှု၊ လုပ်မူများ ပြီးဆုံးသွားသော်လည်း ထိုကြံစဉ် ပြောစဉ် လုပ်စဉ်က စေတနာ အင်အားသတ္တိများကား ပျောက်ပျက်မသွား၊ ဆက်လက်၍ အလုပ်လုပ်နေခဲ့သည်၊၊
ရေကန်တွင်းသို့ ခဲတစ်လုံးပစ်ချသော အချိန်သည် တစ်ခဏမျှသာ ဖြစ်သော်လည်း ခဲကျသော အရှိန်အင်အားအလိုက် ဆက်လက် ရိုက်ခတ်မှု ဂယက်များကား ကြာမြင့်စွာ ရိုက်ခတ်လျှက်နေ၏၊၊
မိုးရွာသွန်းမှုသည် နာရီပိုင်းအတွင်း ရက်စဲသွား၏၊၊ သို့သော် တော၊ တောင်၊ ရေမြေ၌ စိမ့်ဝင်ခဲ့သော မိုးရေ၏ အအေးဓာတ်အင်အား သတ္တိများကား ရုတ်တရက် ပျက်ပြယ်မသွား၊ တဖန် မိုးကာလ၌ ပေါက်လာသော မြက်သစ်ပင်များ နွေအခါတွင် ကွယ်ပျောက်သွားကြ၏၊၊ မမြင်ရ၍ မရှိဟု ထင်ရသော်လည်း မိုးတွင်းရောက်လာပြန်လျှင် မြက်သစ်ပင်များ ပြန်၍ ပေါ်ပေါက်လာကြသည်၊၊ မျိုးစေ့ မျိုးစေ့သတ္တိကား ကျန်ခဲ့သောကြောင့် မြက်ပင်သံသရာလည်တော့၏၊၊
ကံမျိုးစေ့ ကမ္မသတ္တိကား ထို့ထက် အဆပေါင်းများစွာ သိမ်မွေ့၏၊၊ ကမ္ဘာပေါင်းများစွာ ကြာသော်လည်း ဆွေးမြေ့ ပျောက်ပျက်သွားသည်ဟူ၍ မရှိ၊ ကြာရှည်လည်း ခံ၏၊၊ ကမ္ဘာပေါင်းများစွာ ခြားကွာသော်လည်း အကြောင်းတိုက်ဆိုင်လာသောအခါ
သတ္တဝါတို့မည်သည် အနမတဂ္ဂ(အစ,မထင်သော) သံသရာမှ မိမိတို့ ပြုလုပ်ခဲ့သမျှ ကောင်းဆိုး ကမ္မသတ္တိများကို အရိယမဂ်နှင့် အပြတ်မပယ် သတ်နိုင်သေးသမျှ ဆက်လက်အမွေခံနေကြရ၏၊၊(ကမ္မဝဋ
(ဆက်လက် ဖော်ပြပါမည်၊၊)
No comments:
Post a Comment