ဘုရားလောင်းလျာ ပုဂ္ဂိုလ်မြတ်တို့သည်ကား...
(၁) ပညာဓိက ဘုရားလောင်း
(၂) သဒ္ဓါဓိက ဘုရားလောင်း
(၃) ဝီရိယဓိက ဘုရားလောင်း လို့ (၃)မျိုးရှိပါတယ်၊၊
ပညာဓိက ဘုရားလောင်း
ဘုရားဖြစ်ခြင်းဟူသည် အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညုတဉာဏ်တော်ကြီးကို ရခြင်းပင်ဖြစ်၏၊၊ ထိုဉာဏ်တော်ကြီးကို ရရှိဖို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ လွန်ကဲစွာရှိမှဖြစ်၏၊၊ ထိုပညာဓာတ်ခံ လွန်ကဲစွာရှိပါမှ တစ်ဘဝထက် တစ်ဘဝ ပညာဓာတ်ခံ ရင့်သန်ကာ ပညာတကာတို့ထက် အထွတ်အထိပ်ဖြစ်သော သဗ္ဗညုတဉာဏ်တော်ကြီးသို့ ပေါက်ရောက်နိုင်၏၊၊ ပညာဓိက ဘုရားအလောင်းတော် များသည်ပါရမီ ဖြည့်ရာ၌ သဒ္ဓါ ,ဝိရိယ ရှေ့မဆောင်ဘဲ ပညာရှေ့ဆောင်ကာ ပါရမီဖြည့်သည့်အတွက် လေးအသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးလျင် ဘုရားဖြစ်တော်မူကြ၏၊၊
သဒ္ဓါဓိက ဘုရားလောင်း
သဒ္ဓါဓိက ဘုရားလောင်းတို့သည်ကား ...''ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်'' ဟူ၍ ယုံကြည်ကြ၏၊၊ ဘုရားလောင်းတော်တို့၏ စိတ်၌ ယုံကြည်မှုသဒ္ဓါတရား လွန်ကဲ၍ နေ၏၊ ပညာနှင့် ဝီရိယက ရှေ့မဆောင်ဘဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ ပါရမီဖြည့်ကျင့်ရသည့်အတွက် ရှစ်သေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မှုကြ၏၊၊
ဝီရိယာဓိက ဘုရားလောင်း
ဝီရိယာဓိက ဘုရားလောင်းတို့သည်ကား...:.
ထိုသို့ ဘုရားလောင်းတော်တို့ သုံးမျိုးကွဲပြားရသည်မှာ မိမိတို့ဆန္ဒ ဆုတောင်းအလိုက် အချိန်ကာလကွဲပြားရခြင်း ဖြစ်သော်လည်း ဘုရားဖြစ်သောအခါ ဂုဏ်ကျေးဇူးကား ပိုသည်လိုသည်ဟူ၍ မရှိ၊ ထိုကာလထက် စော၍ ဘုရားအဖြစ်သို့ ရောက်တော်မမူနိုင်ကြပေ၊ ထိုမှကာလ အချိန်ကြာကြာပါရမီဖြည့်မှသာ
ဘုရားတစ်ဆူတစ်ဆူ ပွင့်ထွန်း ပေါ်ပေါက်တော်မူရေးသည် လွန်စွာခဲယဉ်းလှသည်၊၊ ပါရမီဖြည့်မှ သဗ္ဗညုတဉာဏ်ကို ရနိုင်သဖြင့် ဘဝများစွာ သင်္ချေ သင်္ချာများစွာ ကပ်ကမ္ဘာများစွာ လွန်လေပါမှ ဘုရားတစ်ဆူ ပွင့်တော်မူသည်ကို ဖူးတွေ့နိုင်ကြရသည်၊၊ ''ဗုဒ္ဓုပ္ပါဒ နဝမ ခဏ''ခေါ် ဘုရားရှင်တို့ ပွင့်တော်မူရာ အခါအခွင့်ကောင်းသည်ကား လွန်စွာ့ လွန်စွာ ကြုံခဲ ဆုံခဲလှသည်၊၊ ကပ်ကမ္ဘာများစွာ ဘုရားရှင်တို့ ပွင့်ပေါ်မှုမရှိသဖြင့် သုညကမ္ဘာများဟု ခေါ်ဆိုကြသည်၊၊
ဘုရားတစ်ဆူပွင့်လျှင်...သာရ
ဘုရားနှစ်ဆူပွင့်လျှင်.....
ဘုရားသုံးဆူပွင့်လျှင်.....
ဘုရားလေးဆူပွင့်လျှင် ...သာရမဏ္ဍကမ္ဘာ
ဘုရားငါးဆူပွင့်လျှင်......
ဆောင်ပုဒ်......တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ဝရ သုံးဆူသာ၊၊
သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ၊၊
တစ်ဆူသော်မှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ၊၊
No comments:
Post a Comment