*တေဘုမ္မာ အနိစ္စ ဒုက္ခ အနတ္တာတရား မရလို့များလှတဲ့ သံသရာ၊၊
*ကာမောဃာ၊ ဘဝေါဃာ ဒိဋ္ဌောဃာ၊ အဝိဇ္ဇောဃာ စိတ်မောဟာ မကင်းတာ အရင်းခံသူ တဏှာ၊၊
*ဒိဋ္ဌိဉာဏ်ဝင်စား၊ ထင်မှား၊ မြင်ငြားကြတာ၊ လူပဲ၊ နတ်ပဲ မှတ်စွဲလို့သာ၊ မှားချက်အလွန်နာ၊ ငါ့သား ငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ်ငါ့ဟာ အစဉ်မကွာ၊ သက္ကာယကြောင့် မာနတွေထောင်ကြတာ၊၊
*ဝိပဿနာဝင်စား၊ ထင်လျား၊ မြင်ငြားကြပါ၊ ဘာမှရှာမရ၊ အသာရက မှန်စွာ၊
အနတ္တာခန္ဓာ ဖြစ်ရင်း တည်ရင်း ပျက်ရင်းချုပ်ကာ၊ ရုပ္ပတ္တိသညာ၊ ဖောက်ပြန်မဆိတ်တဲ့ အနိစ္စလက္ခဏာ၊ ရုပ်တရား နာမ်တရား နှစ်ဖြာ၊ အိုနာသေမည် အတည်မကျပါ၊ သခ္ခါရဟာ ဘင်ကာလမကြာ၊၊
*ငါးဖြာဂတိမှာ၊ လေးပုံအပယ်ငရဲစာ၊ အဝိဇ္ဇာအကြောင်းကြောင့် သင်္ခါရ၊ ဝိဉာဏ် ရုပ်တရား နာမ်တရားနှစ်ဖြာ၊ ခြောက်ခုအာရုံ၊ ကာမဂုဏ်ဆန္ဒ၊ ပဋိစ္စသမုပ္ပါဒ် ရှုပ်ပြန်အတွင်း အပတဏှာ၊ ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂါဆေးနဲ့ကုရမှာ လက္ခဏာရေးဖြင့် ရှုကြပါ၊၊
*မြေ၊ ရေ၊ လေ၊ မီး၊ ဓာတ်ကြီးအစုပါ၊ လွန်တရာ မမြတ်သော အတ္တဘောခန္ဓာ၊ မုန်းဘွဲ့မလွတ်ပါ၊ သုံးဆယ့်နှစ်ကောဋ္ဌာ၊ မိုက်မဲအဝိဇ္ဇာ စိတ်တဏှာဟာ အနိဋ္ဌာကို ဣဋ္ဌာထင်မိမှား၊ ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချုပ်နှောင်ကာ သူလှည့်စား၊၊
*တရားကွာ မှားရှာ များသတ္တဝါ၊ ဘဝအနေကာ ဖြစ်ပျက်သံသရာ၊ မီးဆယ့်တစ်ငြိမ်းရာ ချုပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ၊ မဂ်ဖိုလ် ကြိုးစားရအောင်ရှာ၊ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာသမုစ္ဆေပဟာန
ငါးဆူရှင် ပါရမီတော်ရင့်သည်၊ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ၊ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ၊ လွဲလျင်မှန်စွာ ရှည်လျားတဲ့ သုညကမ္ဘာတွေမှာ၊ ဓမ္မာသွေခွါ အပါယေမှာ ပျော်ဖို့၊ တရားမသိတော့ အမြဲမိစ္ဆာ၊ အမှားအတိပ အလွဲစိတ်မှာ၊ ငရဲတိရ စ္ဆာန် တကတဲ မဆိတ်စွာ၊ အသည်းထိတ်စရာ စည်ပင်ကြတော့မှာ၊၊
*မကောင်းမှု ဒုစရိုက်တွေဟာ နည်းအောင်ကျင့်ပါ၊ နှစ်၊လ၊နေ့ ရက် နာရီတွေဟာ၊ အချိန်အလကားမကုန်စေရာ၊ ကာမဂုဏ် ရမ္မက်ဆိုး ဖျက်ချိုးနိုင်မှသာ၊ ဖြစ်ရာဘဝသံသရာ၊ ပညာပါရမီကြီးရင့်အောင်ဖို့ပ
အတီတာ မိုက်စရိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ၊ ယခုလည်း မိုက်ဆဲမှန်စွာ၊ ရှေ့ကိုတိုးလို့ တံပိုးမိုက်ဦးမှာ၊ အဆုံးသတ်သင့်တာ၊၊
*ကိုယ့်ကိုယ်ကို သနားပါ၊ များသတ္တဝါ၊ လောဘ ဒေါသ မောဟ ဆိုတာ၊ လောင်မီးကိလေသာ၊ တဟုန်းဟုန်းတောက်လို့သာ တဖြုန်းဖြုန်းမောက်မို့စွာ၊
ငယ်ငယ်ကနားရည်ဝခဲ့တဲ့ သီချင်းလေးပါ၊၊ မကြားရတာကြာပြီ၊၊ ခုသတိရလို့ စာသားလေးကိုအတော်ပြန်ရှာရတယ
No comments:
Post a Comment