*ဥပါသကာ ဥပါသိကာအကြောင်း*
ဥပါသကာ ဥပါသိကာဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဒကာ ဒကာမများကိုပင် ခေါ်ဆိုသော ဝေါဟာရဖြစ်ပေသည်၊၊ သရဏဂုံ တည်နေသူ ကြီးကြီးငယ်ငယ် အမျိုးသားဖြစ်လျှင် ဥပါသကာ,အမျိုးသမီးဖြစ်လျှင် ဥပါသိကာဟုခေါ်ပေသည်၊၊
သာသနာတော် တည်တန့်ပြန့်ပွားရေးအတွက် ဥပါသကာ ဥပါသိကာတို့၏ အခန်းကဏ္ဍတာဝန်လည်း အရေးပါလှ၏၊၊ သံဃာတော်ရှင်သူမြတ်များနှင့်  ဓမ္မာနုဂ္ဂဟ, ပစ္စယာနုဂ္ဂဟအားဖြင့် အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ
သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်အောင် လက်တွဲထမ်းဆောင်ကြရ၏၊၊
သံဃာတော်များနှင့် အေးအတူပူအမျှ(သမာနသုခဒုက္ခ) စိတ်ထားရသူများဖြစ်သည်။
ပစ္စည်းလေးပါးတာဝန် ထမ်းဆောင်ရသူများဖြစ်၍ မိမိပိုင်ပစ္စည်းဥစ္စာကို
ရဟန်းသံဃာများနှင့် မခွဲခြားမကန့်သတ်ဘဲသာတူညီမျှ အတူတကွ သုံးစွဲနိုင်ရသူများလည်းဖြစ်၏ (အပ္ပဋိဝိဘတ္တဘောဂီ)၊ သံဃာတော်များအတွက် အမြဲတမ်းပေးလှူရဲသူဖြစ်ရ၏၊ ရေတွင်းသဖွယ် ဖြစ်ရ၏၊၊
ဥပါသကာမည်သည် သာသနာဆုတ်ယုတ်မည့် အရေးကိစ္စပေါ်လျှင်လည်း ကြောင့်ကြမဲ့ မနေ၊ သံဃာတော်များနှင့်အတူလက်တွဲ ၍ ဆောင်ရွက်ရ၏၊၊ ယုတ်စွအဆုံး သံဃာတော်အချင်းချင်း မသင့်မမြတ်ဖြစ်သည်ကိုတွေ့လျှင်ပင် ညီညွှတ်အောင် ဆောင်ရွက်ပေးရသည်၊၊ ကောသမ္ဗီမြို့တွင် ပစ္စည်းလေးပါးဖြင့် အကြပ်ကိုင်ကာ ညီညွတ်စေခဲ့ဖူး၏၊၊
ဘုရားရှင်လက်ထက်တော်က စိတ္တသူကြွယ် ဟတ္တကအာဠဝကဥဂ္ဂတ စသော ဧတဒဂ်ဝင် စံတင်ထားရသော သာသနာပြု ဥပါသကာများ၊ ဝိသာခါ, ခုဇ္ဇုတ္တရာ,နန္ဒမာတာ စသော ဥပါသိကာမများ ရှိခဲ့ကြ၏၊၊
မြတ်စွာဘုရားရှင်သည် အနာဂတ်သာသနာအတွက် ရဟန်းသံဃာတော်နှင့် ရဟန်းမများနည်းတူ ဥပါသကာနှင့် ဥပါသိကာမတို့အားလည်း အားထားမျှော်လင့်တော်မူ၏၊၊ တာဝန်လည်း ပေးအပ်တော်မူခဲ့၏၊၊ သာသနာ့ကျက်သရေဆောင် သာသနာ့ဝန်ဆောင် လေးဦးဟု ခေါ်သည်၊ ရဟန်းတော်များနည်းတူ တာဝန်ရှိသူများ ဖြစ်သည်ကိုမမေ့သင့်ကြ၊၊
သာသနာပြုရာတွင် ဝိနည်းသိက္ခာပုဒ်များကြောင့်
ရဟန်းသံဃာတော်များ မဝင်ဆံ့၊ မဆောင်ရွက်နိုင်သော ကိစ္စများရှိတတ်၏။
ထိုကိစ္စမျိုးကို လူဒကာ ဒကာမတို့က ဆောင်ရွက်မှသာ ရနိုင်၏။ ဥပါသကာ
ဥပါသိကာမတို့သည် ရဟန်းတော်များနည်းတူ သာသနာ့တာဝန်များ
ရှိကြသည့်အားလျှော်စွာ ဥပါသကာ ဥပါသိကာမတို့၌ ရှိသင့်ရှိထိုက်သော
ကိုယ်ကျင့်တရား၊ ဂုဏ်အရည်အသွေးများ အပြည့်ရှိအောင်လည်း ကြိုးစားကြရာ၏၊၊
ဥပါသကာ၏ ကိုယ်ကျင့်သီလ
ရှင်သာမဏေမှာ ရှင်သာမဏေ၏ သီလရှိ၏။ ရဟန်းမှာ ရဟန်း၏ သီလရှိ၏။ ဥပါသကာမှာလည်း ဥပါသကာသီလရှိ၏။ မြတ်စွာဘုရားလက်ထက်က မဟာနာမ်သာကီဝင်မင်းသည် ဥပါသကာတို့ ကျင့်သုံးရမည့်သီလကို မြတ်စွာဘုရားအား မေးလျှောက်ခဲ့ဖူး၏။ မြတ်စွာဘုရားက-
``ဥပါသကာဟူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်မှု၊ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်မှု၊ သေရည်သေရက်တို့ကို သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်မှုဟူသော ငါးပါးသီလနှင့် ပြည့်စုံရမည်´´ဟု မဟာနာမ်သာကီဝင်မင်းအား မိန့်ကြားတော်မှုခဲ့သည်။
ဤဒေသနာအရ ငါးပါးသီလသည် ဥပါသကာတို့၏ သီလဖြစ်သည်။ ငါးပါးသီလမလုံလျှင် အကျင့်သီလရှိသော ဥပါသကာမမည်။ အကျင့်သီလရှိသော ဥပါသကာဖြစ်စေရန် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းကြရမည် ဖြစ်သည်။
ဥပါသကာ၏ အသက်မွေးမှု
ဥပါသကာသည် အကျင့်သီလ ပြည့်စုံရုံမျှဖြင့်လည်း မပြီးသေး၊ အပြစ်ကင်းသော အသက်မွေးမှုလုပ်ငန်းမျိုးကို
လုပ်ကိုင်အသက်မွေးရန် လိုပေသေးသည်၊၊ ဥပါသကာတို့ ရှောင်ကြဉ်ရမည့်
အသက်မွေးမှုလုပ်ငန်း (၅)မျိုးရှိကြောင်း မြတ်စွာဘုရား ဟောကြားခဲ့၏၊၊
ထို(၅)မျိုးတို့မှာ-
(၁) လက်နက်ကုန် ရောင်းဝယ်ခြင်း၊
(၂) လူကုန် ရောင်းဝယ်ခြင်း၊
(၃) အသားကုန် ရောင်းဝယ်ခြင်း၊
(၄) သေရည်အရက် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊
(၅) အဆိပ်ကုန် ရောင်းဝယ်ခြင်း တို့ဖြစ်သည်။
ထို(၅)မျိုးတို့မှာ မိမိသူတပါး ထိခိုက်ပျက်စီးစေတတ်၍ မတရားသော၊ အပြစ်မကင်းသော ရောင်းဝယ်မှုဟုခေါ်၏၊၊
ဥပါသကာ အယုတ် အမြတ်
ဥပါသကာ၌ အောက်ပါအခြေခံအကြောင်း (၅)မျိုးရှိနေလျှင် ဖောက်ပြန်ပျက်စီးတတ်သည်။ အခြေခံအကြောင်း(၅)မျိုးကား-
*(၁) သဒ္ဓါတရားမရှိခြင်း၊
*(၂) သီလပျက်ခြင်း၊
*(၃) ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်းများကို
ကြီးပွားကြောင်း မင်္ဂလာဟု ယုံကြည်ခြင်း
(ကောင်းသောအရာကို မြင်ရ, ကြားရ, နံ, စား,
တွေ့ထိရလျှင် မင်္ဂလာဟု ယုံကြည်ခြင်း)
*(၄) လောကီမင်္ဂလာခေါ် အထူးအဆန်းကိုသာ ယုံ၍ ကံကို
မယုံကြည်ခြင်း၊
*(၅) မြတ်စွာဘုရားသာသနာမှ အပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကို
ရှာ၍ ဦးစွာ ထိုပုဂ္ဂိုအား လှူဒါန်းခြင်း၊ မြတ်နိုးခြင်း
(သာသနာအပြင်ဘက်မှ သီလမရှိသူကို
တကယ့်အလှူခံပုဂ္ဂိုလ်ဟု ထင်မှတ်၍ ထိုပုဂ္ဂိုလ်ကိုသာ
ပေးလှူမှု မြတ်နိုးမှု ဦးစွာပြု၍ သာသနာကိုမှုနောက်မှ
ပြုခြင်း) တို့ဖြစ်သည်။
ထိုအကြောင်းတရား(၅)မျိုးတို့ ကို
အခြေခံ၍ ငါးပါးသီလ မလုံခြုံသူနှင့် အသက်မွေးဝမ်းကျောင်းမှု
မစင်ကြယ်သောသူကို ပျက်စီးသော ဥပါသကာ (ဥပါသကာပျက်)ဟု ခေါ်ဆိုသည်။
ဥပါသကာဒွန်းစဏ္ဍား (ဥပါသကာစဏ္ဍာလ)၊ ဥပါသကာ အညစ်အကြေး (ဥပါသကမလ)၊ ဥပါသကာ အညံ့စား
(ဥပါသကာပတိကိဋ္ဌ) ဟုခေါ်သည်။
ဖော်ပြပါ အကြောင်းတရား(၅)မျိုးတို့ကို အပြန်နည်းအားဖြင့်(ပြောင်ြး ပန်)ယူ၍
ငါးပါးသီလနှင့် အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်လျှင် ပြည့်စုံသော
ဥပါသကာ(ဥပါသကာကောင်း)ဟု ခေါ်သည်။ ဥပါသကာရတနာ (ဥပါသကရတန)၊
ဥပါသကာပဒုမာ(ဥပါသကပဒုမ)၊ ဥပါသကာ ပုဏ္ဍရိက်(ဥပါသကပုဏ္ဍရိက)ဟု ခေါ်သည်။
ဥပါသကာ ဆုတ်ယုတ်ကြောင်း (၇)မျိုး
အဂုင်္တ္တိုရ်ပါဠိတော်လာ ဥပါသကာ အရည်အချင်း ညံ့ဖျင်းယုတ်လျော့စေတတ်သော အကြောင်းအင်္ဂါ(၇)မျိုးကား-
(၁) ရဟန်းသံဃာတော်များအား တွေ့ဆုံဖူးမြော်မှု
ယုတ်လျော့ခြင်း၊
(၂) တရားနာယူမှု၌ မေ့လျော့ခြင်း၊
(၃) ကိုယ်ကျင့်သီလ လုံခြုံအောင် မစောင့်ထိန်းခြင်း၊
(၄) ရဟန်းသံဃာတော်များအပေါ်၌
ကြည်ညိုမှုအားနည်းခြင်း၊
(၅) ခြုတ်ခြယ်စောင်းမြောင်းသော အပြစ်ရှာလိုသော
စိတ်ဖြင့် တရားနာယူခြင်း၊
(၆) သာသနာအပြင်ဘက်၌ မြတ်သောအလှူခံပုဂ္ဂိုလ် ရှိနိုး
မြော်ကိုးရှာမှီးခြင်း၊
(၇) ကုသိုလ်ကောင်းမှု ပြုလုပ်သောအခါလည်း
သာသနာတော်အပြင်ဘက်၌သာ ဦးစားပေး ရှေးဦးစွာ
ပြုလုပ်ပြီး သာသနာတော်၌ နောက်မှ
ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း တို့ဖြစ်သည်။
ဥပါသကာပြည့်စုံကြောင်း ဥပါသကာအရည်အချင်းကောင်း (၇)မျိုးကိုလည်း အပြန်နည်းအားဖြင့် မှတ်ယူရာ၏။
ဥပါသကာ ဂုဏ်ရည်(၁၀)မျိုး
မိလိန္ဒမင်းကြီးမေးလျှောက်သော အရှင်နာဂသေနရဟန္တာ အရှင်မြတ်ကြီး မိန့်ကြားတော်မှုခဲ့သော ဥပါသကာကောင်းတို့၌ ရှိရမည့်ဂုဏ်ရည် (၁၀)ပါးကိုလည်း မှတ်သားသင့်သည်။
(၁) သံဃာတော်များနှင့် ချမ်းသာမကွဲ ဆင်းရဲအတူ ရှိရခြင်း၊
(၂) မြတ်စွာဘုရား၏ တရားတော်များကိုသာ
အကြီးအမှုးထားခြင်း အလေးဂရုပြုခြင်း၊
(၃) မိမိ၏ စီးပွားဥစ္စာအင်အားအလျောက် ခွဲဝေလှူဒါန်းခြင်း
(၄) မြတ်စွာဘုရားသာသနာ ဆုတ်ယုတ်ပျက်ပြားသည်ကို
မြင်လျှင် ကြားလျှင် တည်တံ့ပြန့်ပွားအောင်
ကြိုးစားအားထုတ်ခြင်း၊
(၅) ဖြောင့်မှန်သော အယူရှိခြင်း
(၆) ကောတုဟလကို မင်္ဂလာဟု မယုံကြည်ခြင်း
(၇) အသက်ဟူသော အကြောင်းကြောင့်ပင်လျှင်
သာသနာပြင်ပပုဂ္ဂိုလ်ကို ကိုးကွယ်ရာ ဆရာအဖြစ်
မထားခြင်း၊ မညွှန်ပြခြင်း၊
(၈) ကာယကံ ဝစီကံကို စောင့်ထိန်းခြင်း
(၉) အချင်းချင်း ညီညွှတ်စွာ နေထိုင်၍ ဝန်တိုမှု
ငြူစူစောင်းမြောင်းမှုမရှိခြ င်း၊ ကောက်ကျစ်စဉ်းလဲမှု၊
ဝါကြွားပလွှားမှု ကင်းခြင်း၊
(၁၀) ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်ခြင်း
တို့ဖြစ်သည်၊၊
ပြဆိုခဲ့သော ကိုယ်ကျင့်သီလ,အသက်မွေးမှု, ဂုဏ်အရည်အချင်းကောင်းများနှ င့်
ပြည့်စုံ၍ အနာဂါတ်သာသနာအတွက် မြတ်စွာဘုရားရှင် လိုလားတော်မှုသော
ဥပါသကာကောင်း ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကြရာ၏၊၊
ဥပါသကာ ဥပါသိကာဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဒကာ ဒကာမများကိုပင် ခေါ်ဆိုသော ဝေါဟာရဖြစ်ပေသည်၊၊ သရဏဂုံ တည်နေသူ ကြီးကြီးငယ်ငယ် အမျိုးသားဖြစ်လျှင် ဥပါသကာ,အမျိုးသမီးဖြစ်လျှင်
သာသနာတော် တည်တန့်ပြန့်ပွားရေးအတွက် ဥပါသကာ ဥပါသိကာတို့၏ အခန်းကဏ္ဍတာဝန်လည်း အရေးပါလှ၏၊၊ သံဃာတော်ရှင်သူမြတ်များနှင်
ဥပါသကာမည်သည် သာသနာဆုတ်ယုတ်မည့် အရေးကိစ္စပေါ်လျှင်လည်း ကြောင့်ကြမဲ့ မနေ၊ သံဃာတော်များနှင့်အတူလက်တွဲ
ဘုရားရှင်လက်ထက်တော်က စိတ္တသူကြွယ် ဟတ္တကအာဠဝကဥဂ္ဂတ စသော ဧတဒဂ်ဝင် စံတင်ထားရသော သာသနာပြု ဥပါသကာများ၊ ဝိသာခါ, ခုဇ္ဇုတ္တရာ,နန္ဒမာတာ စသော ဥပါသိကာမများ ရှိခဲ့ကြ၏၊၊
မြတ်စွာဘုရားရှင်သည် အနာဂတ်သာသနာအတွက် ရဟန်းသံဃာတော်နှင့် ရဟန်းမများနည်းတူ ဥပါသကာနှင့် ဥပါသိကာမတို့အားလည်း အားထားမျှော်လင့်တော်မူ၏၊၊ တာဝန်လည်း ပေးအပ်တော်မူခဲ့၏၊၊ သာသနာ့ကျက်သရေဆောင် သာသနာ့ဝန်ဆောင် လေးဦးဟု ခေါ်သည်၊ ရဟန်းတော်များနည်းတူ တာဝန်ရှိသူများ ဖြစ်သည်ကိုမမေ့သင့်ကြ၊၊
သာသနာပြုရာတွင် ဝိနည်းသိက္ခာပုဒ်များကြောင့်
ဥပါသကာ၏ ကိုယ်ကျင့်သီလ
ရှင်သာမဏေမှာ ရှင်သာမဏေ၏ သီလရှိ၏။ ရဟန်းမှာ ရဟန်း၏ သီလရှိ၏။ ဥပါသကာမှာလည်း ဥပါသကာသီလရှိ၏။ မြတ်စွာဘုရားလက်ထက်က မဟာနာမ်သာကီဝင်မင်းသည် ဥပါသကာတို့ ကျင့်သုံးရမည့်သီလကို မြတ်စွာဘုရားအား မေးလျှောက်ခဲ့ဖူး၏။ မြတ်စွာဘုရားက-
``ဥပါသကာဟူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်မှု၊ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်မှု၊ သေရည်သေရက်တို့ကို သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်မှုဟူသော ငါးပါးသီလနှင့် ပြည့်စုံရမည်´´ဟု မဟာနာမ်သာကီဝင်မင်းအား မိန့်ကြားတော်မှုခဲ့သည်။
ဤဒေသနာအရ ငါးပါးသီလသည် ဥပါသကာတို့၏ သီလဖြစ်သည်။ ငါးပါးသီလမလုံလျှင် အကျင့်သီလရှိသော ဥပါသကာမမည်။ အကျင့်သီလရှိသော ဥပါသကာဖြစ်စေရန် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းကြရမည် ဖြစ်သည်။
ဥပါသကာ၏ အသက်မွေးမှု
ဥပါသကာသည် အကျင့်သီလ ပြည့်စုံရုံမျှဖြင့်လည်း မပြီးသေး၊ အပြစ်ကင်းသော အသက်မွေးမှုလုပ်ငန်းမျိုးကို
(၁) လက်နက်ကုန် ရောင်းဝယ်ခြင်း၊
(၂) လူကုန် ရောင်းဝယ်ခြင်း၊
(၃) အသားကုန် ရောင်းဝယ်ခြင်း၊
(၄) သေရည်အရက် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊
(၅) အဆိပ်ကုန် ရောင်းဝယ်ခြင်း တို့ဖြစ်သည်။
ထို(၅)မျိုးတို့မှာ မိမိသူတပါး ထိခိုက်ပျက်စီးစေတတ်၍ မတရားသော၊ အပြစ်မကင်းသော ရောင်းဝယ်မှုဟုခေါ်၏၊၊
ဥပါသကာ အယုတ် အမြတ်
ဥပါသကာ၌ အောက်ပါအခြေခံအကြောင်း (၅)မျိုးရှိနေလျှင် ဖောက်ပြန်ပျက်စီးတတ်သည်။ အခြေခံအကြောင်း(၅)မျိုးကား-
*(၁) သဒ္ဓါတရားမရှိခြင်း၊
*(၂) သီလပျက်ခြင်း၊
*(၃) ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်းများကို
ကြီးပွားကြောင်း မင်္ဂလာဟု ယုံကြည်ခြင်း
(ကောင်းသောအရာကို မြင်ရ, ကြားရ, နံ, စား,
တွေ့ထိရလျှင် မင်္ဂလာဟု ယုံကြည်ခြင်း)
*(၄) လောကီမင်္ဂလာခေါ် အထူးအဆန်းကိုသာ ယုံ၍ ကံကို
မယုံကြည်ခြင်း၊
*(၅) မြတ်စွာဘုရားသာသနာမှ အပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကို
ရှာ၍ ဦးစွာ ထိုပုဂ္ဂိုအား လှူဒါန်းခြင်း၊ မြတ်နိုးခြင်း
(သာသနာအပြင်ဘက်မှ သီလမရှိသူကို
တကယ့်အလှူခံပုဂ္ဂိုလ်ဟု ထင်မှတ်၍ ထိုပုဂ္ဂိုလ်ကိုသာ
ပေးလှူမှု မြတ်နိုးမှု ဦးစွာပြု၍ သာသနာကိုမှုနောက်မှ
ပြုခြင်း) တို့ဖြစ်သည်။
ထိုအကြောင်းတရား(၅)မျိုးတို
ဖော်ပြပါ အကြောင်းတရား(၅)မျိုးတို့ကိ
ဥပါသကာ ဆုတ်ယုတ်ကြောင်း (၇)မျိုး
အဂုင်္တ္တိုရ်ပါဠိတော်လာ ဥပါသကာ အရည်အချင်း ညံ့ဖျင်းယုတ်လျော့စေတတ်သော အကြောင်းအင်္ဂါ(၇)မျိုးကား-
(၁) ရဟန်းသံဃာတော်များအား တွေ့ဆုံဖူးမြော်မှု
ယုတ်လျော့ခြင်း၊
(၂) တရားနာယူမှု၌ မေ့လျော့ခြင်း၊
(၃) ကိုယ်ကျင့်သီလ လုံခြုံအောင် မစောင့်ထိန်းခြင်း၊
(၄) ရဟန်းသံဃာတော်များအပေါ်၌
ကြည်ညိုမှုအားနည်းခြင်း၊
(၅) ခြုတ်ခြယ်စောင်းမြောင်းသော အပြစ်ရှာလိုသော
စိတ်ဖြင့် တရားနာယူခြင်း၊
(၆) သာသနာအပြင်ဘက်၌ မြတ်သောအလှူခံပုဂ္ဂိုလ် ရှိနိုး
မြော်ကိုးရှာမှီးခြင်း၊
(၇) ကုသိုလ်ကောင်းမှု ပြုလုပ်သောအခါလည်း
သာသနာတော်အပြင်ဘက်၌သာ ဦးစားပေး ရှေးဦးစွာ
ပြုလုပ်ပြီး သာသနာတော်၌ နောက်မှ
ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း တို့ဖြစ်သည်။
ဥပါသကာပြည့်စုံကြောင်း ဥပါသကာအရည်အချင်းကောင်း (၇)မျိုးကိုလည်း အပြန်နည်းအားဖြင့် မှတ်ယူရာ၏။
ဥပါသကာ ဂုဏ်ရည်(၁၀)မျိုး
မိလိန္ဒမင်းကြီးမေးလျှောက်သေ
(၁) သံဃာတော်များနှင့် ချမ်းသာမကွဲ ဆင်းရဲအတူ ရှိရခြင်း၊
(၂) မြတ်စွာဘုရား၏ တရားတော်များကိုသာ
အကြီးအမှုးထားခြင်း အလေးဂရုပြုခြင်း၊
(၃) မိမိ၏ စီးပွားဥစ္စာအင်အားအလျောက် ခွဲဝေလှူဒါန်းခြင်း
(၄) မြတ်စွာဘုရားသာသနာ ဆုတ်ယုတ်ပျက်ပြားသည်ကို
မြင်လျှင် ကြားလျှင် တည်တံ့ပြန့်ပွားအောင်
ကြိုးစားအားထုတ်ခြင်း၊
(၅) ဖြောင့်မှန်သော အယူရှိခြင်း
(၆) ကောတုဟလကို မင်္ဂလာဟု မယုံကြည်ခြင်း
(၇) အသက်ဟူသော အကြောင်းကြောင့်ပင်လျှင်
သာသနာပြင်ပပုဂ္ဂိုလ်ကို ကိုးကွယ်ရာ ဆရာအဖြစ်
မထားခြင်း၊ မညွှန်ပြခြင်း၊
(၈) ကာယကံ ဝစီကံကို စောင့်ထိန်းခြင်း
(၉) အချင်းချင်း ညီညွှတ်စွာ နေထိုင်၍ ဝန်တိုမှု
ငြူစူစောင်းမြောင်းမှုမရှိခြ
ဝါကြွားပလွှားမှု ကင်းခြင်း၊
(၁၀) ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်ခြင်း
တို့ဖြစ်သည်၊၊
ပြဆိုခဲ့သော ကိုယ်ကျင့်သီလ,အသက်မွေးမှု, ဂုဏ်အရည်အချင်းကောင်းများနှ
No comments:
Post a Comment