ရောက်တတ်ရာရာ ဖတ်မိတော့ ဦးပေါ်ဦးအကြောင်းလေး ဖတ်မိတယ်၊၊ ဘိုးတော်မင်းတရားကြီးက သူ့ရဲ့အိမ်တော်ပါ အမတ်ကြီး ဦးပေါ်ဦး ပြောဆိုဆွေးနွေးနေတာကို သလွန်ပေါ်ကလှမ်းကြည့်တယ်၊၊ အာဝဇ္ဇာန်းကောင်းတယ်၊၊ အကြောင်းအရာပေါ်မှာ စေ့စပ်သေချာတယ်၊၊
အများသောဝန်မင်းတို့က ငါ့အားရိုသေကြောက်ရွံ့ကြတယ်
ဤသို့စဉ်းစားမိတဲ့အတွက် ဟဲ့ပေါ်ဦး ရယ်လို့ ခပ်ငေါက်ငေါက်ခေါ်လိုက်တယ်၊၊
``နင်ဟာ ငါ့ကို ကြောက်ရဲ့လား´´
စကားအဆက်အစပ်မရှိပေမယ့် ကြောင်အမ်းမနေဘူး၊၊ ချက်ချင်းတုံ့ပြန်တယ်၊၊
``မကြောက်ပါဘူး ဘုရား၊၊´´
မင်းတရားကြီးဟာ ဒေါသဖြစ်ဟန် သလွန်ကို ဓားရိုးနဲ့ဆောင့်တယ်၊၊
``ငါဟာ ဘုန်းလက်ရုံး အာဏာနဲ့ပြည့်စုံ့တဲ့၊ သက်ဦးဆံပိုင် ရေမြေသနင်း လက်နက်စကြာသခင် ဘဝရှင် မင်းတစ်ပါးဆိုတာ နင်မသိလေရော့သလား´´
``အသိ ဖြစ်ကြောင်းပါ ဘုရား´´
``သိတယ်လည်းဆိုသေး၊ မကြောက်ဘူးလည်းပြောသေး၊ နင့်မှာ ငါ့ထက် ကြောက်ရမယ့်သူရှိသလား..ဟင်´
``အရှင်မင်းကြီးထက် ပို၍ ကြောက်ရသူ ရှိကြောင်းပါ ဘုရား´´
``....အမတ်မင်းတို့ ဝပ်စင်းဦးခ ကြောက်ရွံ့ရိုသေပါလျက်နဲ့၊ နင်က ငါ့ထက်ကြောက်ရသူ ရှိတယ်ဆိုတော့၊ ဘယ်သူတုန်း လျောက်တင်စမ်း´´
``အရှင်မင်းကြီးထက် ကြောက်ထိုက်သူကတော့ မိုက်မဲသော လူမိုက်ဖြစ်ကြောင်းပါဘုရား´
ဧကရာဇ်မင်းမြတ် အံ့သြသည်နှင့်အတူ၊ အခြားသူတွေလည်း ပါးစပ်ဟလျက်၊ နားစွင့်နေကြတယ်၊၊
``မှန်လှပါ၊ အရှင်မင်းကြီးကို မကြောက်တာကတော့၊ အမှားအမှန်သိပြီး၊ လုပ်သင့်မလုပ်သင့် နှိုင်းချင့်ဝေဖန်တတ်တဲ့ ပညာရှိလို့ပါ ဘုရား´´
``အင်း..၊သူမိုက်ကျတော့ကော´
``သူယုတ် သူမိုက်များမှာမှု၊ အကောင်းအဆိုး အမှားအမှန်၊ လုပ်သင့် မလုပ်သင့် ချင့်ချိန်ဝေဖန်နိုင်တဲ့ ပညာဉာဏ် မရှိတဲ့အတွက်၊ သတ်ချင်စိတ် ပေါက်ရင်ထသတ်၊ ရိုက်ချင်စိတ်ပေါက် ထရိုက်တဲ့အတွက်၊ မင်းဧကရာဇ်ထက်ပိုပြီး
ကြောက်ရတာ ကြောက်ထိုက်တာပါ ဘုရား ´´
ဒီတော့ဘုရင်ကြီးက
``အေးဟဲ့ ဒီလိုဆိုတော့လည်း ဟုတ်ပေသားဘဲ´´
[ ဦးပေါ်ဦး၏ စကားအင်္လာကာ ] စာအုပ်မှ
No comments:
Post a Comment