တကယ်တော့စာရေးသူကျွန်မကိုမေ
Thursday, April 7, 2016
ဝန်ခံချက်
စာရေးသူ ကျွန်မဒီစာလေးကိုရေးရခြင်းက ကျွန်မတို့ရပ်ကွက်တွင် မဲပေြး ခင်းဆိုင်ရာသဘေားကွဲလွဲခြင်းများကြောင့်ဖြစ်ပါတယ် သို့သော်ကျွန်မသည်နိုင်ငံရေးသမားမဟုတ်ပါးးးးးးး
တကယ်တော့စာရေးသူကျွန်မကိုမေ မေက ၈၈ခုနှစ်တွင်မွေးဖွားခဲ့ပါတ ယ် ကျွန်မကိုမွေးပြီးလပိုင်းလောက်မှာဘဲ ဒို့အရေးတွေလုပ်ကြလို့ဖွားဖွားက ကျွန်မကိုချီပြီးဒို့အရေးလိုက်လုပ်ခဲ့ရတယ်လို့ပြောပါတယ် ဒါကတော့လူ့လောကထဲကိုရောက်ခါ စကျွန်မပထမဆုံးရှုရှိုက်ရတဲ့နိုင်ငံ ရေးအငွေ့အသက်တွေပါဘဲ ငယ်ရွယ်လွန်းသေးတဲ့ကျွန်မဘယ်လိုခံစားရတယ်မမှတ်မိတော့ပေ မယ့် အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်မျက်လုံးနဲ့ကျွန်မလိုက်ကြည့်နေခဲ့မှာပါဘဲ။ဒီလိုနဲ့ကျွ န်မအရွယ်ရောက်တော့ မဲတွေနှိုက်ကြ နိုင်ကြ ရှုံးကြ မကျေမနပ်ရေရွတ်သံတွေကြားရနဲ့  ကျွန်မရဲ့အတွေးထဲမှာနိုင်ငံ ရေးကလည်းရှုတ်ထွေးလိုက်တာလို့ ခံစားချက်ကိုမေ့မေ့ကိုပြော ပြတော့မေ့မေကကျွန်မကိုကြည့် ပြီးရယ်တယ်လေ "သမီးရယ်နိုင်ငံရေးဆိုတာမရှု တ်ထွေးပါဘူး ရှုတ်ထွေးအောင်လူတွေကလုပ်နြေ ကတာပါ" တဲ့ အဲ့တော့ကျွန်မက"မေမေကလည်းဟာ သလူတွေမလုပ်ဘယ်သူလုပ်မလဲလို့ ပြောမိတယ် မေမေကကျွန်မကိုစာများများဖတ်ပါသမီးရယ်တဲ့ အသိအလိမ္မာတွေကစာတွေထဲမှာရှိ ပါတယ်လို့ပြောခဲ့ပါတယ် ဒီတော့ကျွန်မဘာစာတွေဖတ်ရရင် ကောင်းမလဲလို့စဉ်းစားတယ် နောက်ကျွန်မရဲ့ပြင်ပလောကကြီးကိုလျှောက်လှမ်းဖို့ဘဝအတွေ့ အကြုံတွေနဲ့ရေးထားတဲ့စာရေး ဆရာပေါင်းများစွာရဲ့စာအုပ်ေ တွကိုကျွန်မကိုလမ်းညွှန်ဖို့ ဖတ်ခဲ့တယ်နောက်ကျွန်မတို့အရွယ်လူငယ်တော်တော်များများက အတုယူလွယ်တတ်ကြပါတယ် ဥပမာ ရုပ်ရှင်မင်းသမီးမင်းသားလို ဟန်ပန်တွေအပြောအဆိုတွေဝတ်ပုံစားပုံတွေကိုလုပ်တတ်ကြပါတယ် ဒါမှမဟုတ်ရင်လည်းကိုအထင်ကြီးလေးစားရတဲ့သူတွေလိုပေါ့ ဒီတော့ကာကျွန်မမှာလဲသူတို့လို့ အထင်ကြီးလေးစားအားကျရမယ့်သူ ရှိခဲ့ပါတယ် သူကတော့အမေစုပါ ကျွန်မတို့ငယ်ငယ် ကလေးဘဝထဲကကျေားင်းကစာသင်ခန်းထဲမှာဗိုလ်ချုပ်အောင်ဆန်းအ ကြောင်းကိုသင်ခဲ့ရပါတယ်ချစ် စရာလေးစားစရာကောင်းလွန်းလှတဲ့ဗိုလ်ချုပ်ကိုကျွန်မရင်ထဲ ကနေနက်နဲစွာချစ်တတ်ဖို့လေးစားတတ်ဖို့လူကြီးသူမဆရာသမားေ တွကသင်ခဲ့ကြပါတယ်ဒီတော့ကျွန်မလည်းဗိုလ်ချူပ်ကိုနက်နဲစွာလေးစားမိပါတယ် ချစ်မြတ်နိုးမိပါတယ် ပြီးတော့်ဗိုလ်ချူပ်နဲ့ပက်သ က်ပြီးအမေစုကိုကျွန်မချစ်တယ် အရာအားလုံးကျွန်မထဲထဲဝင်ဝင် မသိနိုင်ပေမယ့်သူမဟာကျွန်မအ တွက်တော့မြတ်နိုးဖွယ်ရာပါဘဲ အပြင်ပန်းကနေမြင်ရတဲ့အမေစုရဲ့ဟန်ပန်တွေဝတ်ပုံစားပုံတွေ ကိုကျွန်မနှစ်သက်တယ်မြန်မာရ င်ဖုံးလေးနဲ့ချိတ်ထမီလေးများဝတ်ရင်ဖြင့် အန်မတန်ကိုကျက်သရေရှိတဲ့မြန်မာ့အလှတစ်ခုလို့ ကျွန်မလက်ခံခဲ့သလို ကျွန်မကိုယ်တိုင်လည်း ခုချိန်ထိအဲ့ဒီလိုအဝတ်အစားေ လးတွေမကွဲပြားစွာဝတ်ဆင်ခဲ့သူပါနောက်စိတ်ဓာတ်ရေးရာပိုင်းတွေပါကျွန်မတူညီအောင်ကြိုး စားခဲ့ပါတယ် ဒီချိန်ရောက်တဲ့အခါမှာတော့ကျွန်မမှာစဉ်းစားစရာတွေမျာြး ပားလာခဲ့ပါတယ်ဒါကတော့အမျိုး စောင့်ဥပဒေပေါ်ထွက်လာခြင်းပါ ဘဲ။ ကျွန်မအထင်ကြီးလေးစားခဲ့ရသူ ကတမျိုး ကျွန်မယုံကြည်စွာရှိခိုးဦး တင်ခဲ့ရတဲ့သံဃာတွေကတစ်ဖုံဖြ စ်နေတော့ကာ မှန်ကန်စွာကျွန်မကိုယ်တိုင် ခွဲခြားစိတ်ဖြာဖို့ ကျွန်မဖတ်ထားတဲ့စာပေတွေကမလုံလောက်တော့ပါဘူး ဒီတော့ လောကမှာဆရာတစ်ဆူဖြစ်တဲ့ဘုရားရှင်ကိုဘဲကျွန်မဆရာတင်လို့ ဘာသာရေးစာပေတွေကိုကျွန်မလက် လမ်းမှီသလောက်ဖတ်ခဲ့ပါတယ် ဒီမှာဘဲကျွန်မဖတ်မိတာလေးတင် ပြပါရစေ ကျွန်မတို့ဘုရားရှင်ဘုရားဖြ စ်ဖို့လေးအသင်္ချေနဲကမ္ဘာတစ်သိ န်းအထက်မှာ ဒီပင်္ကရာမြတ်စွာဘုရားကယခုဘုရားလောင်းဖြစ်မယ့်သုမေဓာရသေ့ " အသက်ကိုစွန့်ကာ ခန္ဓာကိုယ်ကိုဝပ်စင်း၍တံတားခ င်းနေသောဤရသေ့သည် နောင်သောအခါ ငါကဲ့သို့ပင်ဘုရားတစ်ဆူဖြစ် လိမ့်မယ်" လို့ဗျာဒိတ်ပေးတော်မူသည်။သူ့ မေဓာရှင်ရသေ့ရဲ့စိတ်မှာစွဲ မြဲစွာဖြစ်ပေါ်သောအဓိဋ္ဌာန်ကတော့"ငါသည် ကိလေသာကုန်ခန်းသည့်ရဟန္တာဖြစ်လိုလျှင် ယနေ့ပင်ဖြစ်နိုင်ရာ၏ ၊သို့သော် သတ္တဝါအများကိုကယ်တင်နိုင်လောက်သောအစွမ်းသည်ရှိပါလျက် တစ်ဦးထဲကိုယ်လွတ်ရုန်းသွား ခြင်းကား မသင့်လျော်ချေ၊ ငါလည်းဒီပင်္ကရာမြတ်စွာဘုရားကဲ့သို့ ဘုရားဖြစ်အောင် ကြိုးစားတော့အံ့"ဟုစိတ်မှာစွမြဲစွာအဓိဋ္ဌာန်ခဲ့တာပါ ဗုဒေါ မောဓောယျံ= သစ္စာတရားကိုငါသိသလိုသတ္တဝါဝေ နေယျတို့ကိုလည်းသိစေရမည်။ မုတ္တောမောစေယျံ=ဘဝအနှောင်အဖွဲ့မှငါလွတ်သလို သတ္တဝါဝေနေယျတို့ကိုလည်းလွတ် စေမည်။ တိဏ္ဏောတာရေယျံ= သံသရာဝဲဂယက်မှ ငါကူးမြောက်နိုင်သလို သတ္တဝါဝေနေယျတို့ကိုလည်းကူးေ မြာက်စေမည်ဟုလည်းကြွေးကြော် ကြုံးဝါးတော်မူပါတယ် ဗျာဒိတ်တော်ရပြီးလေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းမှာဘဝများစွာ ကို ပါရမီတော်ဆယ်ပါးကိုဖြည့်ကျင့်ခဲ့ပါတယ် ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဆိုတာတွေပါဘဲ အဲ့ဒီလိုဘဝများစွာကိုပါရမီဆ ယ်ပါးနဲ့ဖြည့်ကျင့်ရာမှာရည် မှန်းချက်ကြီး၃ရပ်ကိုဦးထိပ်ထားကျင့်ဆောင့်ခဲ့တာပါ။ ဒါတွေက လောကတ္ထစရိယာ=လောကလူသားကမ္ဘာသူကမ္ဘာသား သတ္တဝါအများကောင်းစားချမ်းသာ ရေးကျင့်စဉ်၊ ဉာတတ္ထစရိယာ=မိမိ၏အမျိုးသားေ ရး၊ မိမိလူမျိုးကောင်းစားချမ်းသာရေးကျင့်စဉ်၊ ဗုဒ္ဓတ္ထစရိယာ=သတ္တဝါအများကိုသံသရဝဋ်ဆင်းရဲမှကယ်တင်နိုင်ေ သာသဗ္ဗညုဘုရားကျင့်စဉ်ဒါကတော့ စရိယာ၃ပါးခေါ်ပါတယ်နောက်စွန့်ခြင်းကြီး၅ပါးကျင့်ဆောင်ြ ပီးတုသိတာနတ်ပြည်ရောက်လို့န တ်တို့လျှောက်ထားချက်နဲ့နတ် ပြည်ကနေလူ့ပြည်ဆင်းလို့ ဘုရားအဖြစ်ကြိုးစားခဲ့တာပါ။ ကျွန်မတင်ပြလိုတာကတော့ ဘုရားကိုယ်တော်တိုင်ကျင့်ကြံခဲ့တဲ့ကျင့်စဉ်တွေဟာခုကျွန်မတို့ကိုးကွယ်နေတဲ့သံဃာတော်ရှင်မြတ်တွေလက်တွေ့ကျင့်ဆောင်နေတာကိုကျွန်မတွေ့မြင် သိမြင်ခဲ့ရသလို သိမြင်စေလိုသောအမြင်ဖြင့်သာ တင်ပြလိုက်ခြင်းဖြစ်ပါတယ် ကျွန်မသည်နိုင်ငံရေးသမားမဟု တ်ပါ ဗုဒ္ဓအားသက်ဝင်ယုံကြည်သူသာဖြ စ်ပါသည်။ အဆိုးအကောင်းအကျိုးအကြောင်း နှင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားသုံးသပ်နိုင်ကြပါစေ။
တကယ်တော့စာရေးသူကျွန်မကိုမေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment