*** မဃဒေဝလင်္ကာ ဆုံးမစာများ ***
သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏၊၊
သူ့ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိုမ့်၏၊၊
ကာလဒေသ ပုဂ္ဂလကို၊ နှိုင်းဆမရှိ၊ မသိတတ်သူ၊ လူမိုက်ဟူ၏၊ သိမူ ပဏ္ဍိ၊ ပညာရှိ၊၊
ကံမွဲဉာဏ်နုံ့၊ မလုံ့မလ၊ နတ်မ,မဘူး၊၊
အန္ဓဗာလ၊ ထိုလူမျှတို့၊ ကံဝီရိယ၊ မယုံကြ၊၊
ပယောဂစက်၊ ပျက်သည့်သူအား၊ လူကိုထား၍ ဘုရားသော်မှ၊ ကယ်မရ၊၊
ပေးကမ်းလေ့ဟူ၊ မရှိသူတို့၊ နတ်, လူ ,နိဗ္ဗာန်၊ ချမ်းသာမွန်ကို၊ ဧကန်ဘယ်ခါ၊ မရရာ၊၊
မပေးမလှု၊ မုန်းဆေးဟူ၏၊၊ ပေးလှုတတ်သော်၊ ချစ်ဆေးကျော်တည်း၊၊
တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တသောင်း၊ ချီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက် ပြစ်တင်၊ ကြောက်လော့၊၊
ဆရာမိဘ၊ ဆုံးမစကား၊ မလိုက်ငြားလည်း၊ ပျက်ပြားဆင်းရဲ၊ ဖြစ်မြဲဧကန်၊၊
လောကီ ဓမ္မတာ၊ လူတို့မှာတိ၊ စဉ်လာတရား၊ ဖျက်မမှားလင့်၊၊
လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ်ပျက်ပြား၊ ဘဝလားသော်၊ မယားမပါ၊ သားမပါဘူး၊၊
[ဗုဒ္ဓဘာသာ တရားတော်များစာအုပ်မှ ထုတ်နှုပ်ဖော်ပြသည်၊၊]
No comments:
Post a Comment