*(၃၁)ဘုံအတွင်း ကံ၏ စီမံခန့်ခွဲမှု*
ကံတရားသည် အကျိုးပေးရာ ဘုံဘဝဌာနကိုလိုက်၍ လေးမျိုးရှိသည်၊၊ ထိုလေးမျိုးတို့မှာ_
(၁) အကုသိုလ်ကံ၊
(၂) ကာမာဝစရ ကုသိုလ်ကံ၊
(၃) ရူပါဝစရ ကုသိုလ်ကံ၊
(၄) အရူပါဝစရ ကုသိုလ်ကံ တို့ဖြစ်ကြသည်၊၊
အကုသိုလ်ကံသည် (ပဋိသန္ဓေအခါ၌ ဥဒ္ဓစ္စသဟဂုတ်မှတစ်ပါး အကုသိုလ်ကံ ၁၁ပါးသည်)
အပ္ပါယ်ဘုံ၌ ပဋိသန္ဓေအကျိုးကိုပေးသည်၊၊ ပဝတ္တိအခါ၌ ကာမ(၁၁)ဘုံနှင့်
အသညသတ်မှတစ်ပါး ရူပ(၁၅)ဘုံ၌ ဖြစ်စေနိုင်၏၊၊
ကာမာဝစရ ကုသိုလ်ကံသည်
ကာမသုဂတိ(၇)ဘုံ၌ ပဋိသန္ဓေကျိုးကို ပေး၏၊၊ ပဝတ္တိအခါ၌ ကာမ(၁၁)ဘုံနှင့်
အသညသတ်မှတစ်ပါး ရူပ(၁၅)ဘုံ၌ ဖြစ်စေနိုင်၏၊၊ ရူပါဝစရကုသိုလ်ကံသည်
ရူပဗြဟ္မာဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊၊ ပဝတ္တိအခါ၌လည်း
ရူပဗြဟ္မာဘုံတို့၌ ဖြစ်စေနိုင်၏၊၊
အရူပါဝစရကုသိုလ်ကံသည် အရူပဗြဟ္မာဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊၊ ပဝတ္တိအခါ၌လည်း အရူပဗြဟ္မာဘုံတို့၌ ဖြစ်စေနိုင်၏၊၊
ကာမာဝစရ ကုသိုလ်ကံသည် ကိလေသာတရားတို့ကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်သည်၊၊
ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ် ကံသည် နိဝရဏတရားတို့ကို
ဝိက္ခ မ္ဘနပဟာန်အားဖြင့် ပယ်သတ်သည်၊၊
ထိုကုသိုလ်ကံတို့မှတစ်ပါး လောကုတ္တရာကုသိုလ်ကံဖြစ်သော မဂ်ကုသိုလ်များသည်
ကိလေသာတရားတို့ကို သမုစ္ဆေဒပဟာန်အားဖြင့် အပြီးတိုင်ပယ်သတ်သည်၊၊
လောကုတ္တရာဖိုလ်အကျိုးကို ပေးသည်၊၊
၎င်းကံကို အကျိုးပေးရာဘုံဌာနတို့မှာ_ အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံတို့ ဖြစ်ကြသည်၊၊
(စုတိပဋိသန္ဓေအကြောင်း ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment